Connect with us

Social

စိုက်ပျိုးရေး၊မွေးမြူရေးနှင်‌့ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ် အရှေ့တောင်အာရှဒေသဆိုင်ရာ စိုက်ပျိုးရေးပညာနှင့် သုတေသနဌာန မှ အထူးဆုတစ်ရပ်ကို ချီးမြှင့်

ဒေါက်တာတင်ထွဋ်အား ချီးမြှင့်ခံရသည့်ဆု နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--စိုက်ပျိုးရေး၊မွေးမြူရေးနှင့်‌ဆည်မြောင်းဝန်ကြီးဌာနရုံးFacebook)

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

စိုက်ပျိုးရေး၊မွေးမြူရေးနှင်‌့ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ် အား အရှေ့တောင်အာရှဒေသဆိုင်ရာ စိုက်ပျိုးရေးပညာနှင့် သုတေသနဌာန(South East Asia Regional Center for Graduate Study and Research in Agriculture – SEARCA) မှ အထူးဆုတစ်ရပ်ကို ချီးမြှင့် ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ်သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ လော့စ်ဘားနို့စ်ရှိ အရှေ့တောင်အာရှဒေသဆိုင်ရာ စိုက်ပျိုးရေးပညာနှင့် သုတေသနဌာန(SEARCA)၌ ကျင်းပခဲ့သည့် ဘက်စုံပါဝင်၍ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် အနာဂတ်အတွက် ဒေသအဆင့်ဖိုရမ်သို့ တက်ရောက်ခဲ့စဉ် ထိုဆုကို လက်ခံရယူခဲ့ခြင်း ဖြစ်ပြီး Keynote Speaker အနေဖြင့် အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်းနှင့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများ၏ ဆန်စပါးမူဝါဒဆိုင်ရာ စားပွဲဝိုင်းအစည်းအဝေးသို့ ဆက်လက် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာနှင့်စပ်လျဉ်း၍ လက်ရှိအခြေအနေ နှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.