Connect with us

Asia

ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း၌ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၂၀ ဦးသေဆုံးပြီး ၄၀ ဦးဒဏ်ရာရ

အစ္စလာမ်မာဘတ် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း Balochistan ပြည်နယ်တွင် ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ အနည်းဆုံးသေဆုံးသူ ၂၀ ဦး နှင့် အခြား ထိခိုက်ဒဏ်ရာရသူ ၄၀ ဦးရှိကြောင်း ဒေသမီဒီယာ နှင့် တာဝန်ရှိသူများက က ယနေ့ အောက်တိုဘာ ၇ ရက် နံနက်အစောပိုင်းတွင် ပြောကြားခဲ့သည်။Balochistan ပြည်နယ် ဘေးအန္တရာယ်စီခံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Naseer Nasar က သတင်းမီဒီယာအား ပြောကြားရာတွင် ပြည်နယ်အတွင်းရှိ Harnai ခရိုင်တွင် ငလျင်ဒဏ်ကြောင့် လူနေအိမ်ပေါင်းများစွာ ပြိုကျပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်ဒဏ်သက်ရောက်မှုကြုံတွေ့ခဲ့ရသည့် နယ်မြေအသီးသီးသို့ အလျင်အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြိုကျသွားသော နေအိမ် အဆောက်အဦများ၏ အပျက်အစီးပုံအောက်တွင် ပိတ်မိနေသူများစွာရှိနေသဖြင့် သေဆုံးသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဒေသဆုံးသူများ နှင့် ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံများသို့ အလျင်အမြန်ပို့ဆောင်ပေးထားကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ပြည်နယ်အတွင်းရှိ ငလျင်ဒဏ်သင့်ခဲ့သည့် ခရိုင်များတွင် အရေးပေါ်အခြေအနေတစ်ခု ကြေညာထားပြီဖြစ်ကြောင်းလည်း သိရသည်။(Xinhua)

————————————————-
(English Version)
20 killed, 40 injured in earthquake in SW Pakistan

ISLAMABAD, Oct. 7 (Xinhua) — At least 20 people were killed and over 40 others injured after an earthquake of 5.9 magnitude hit Pakistan’s southwest Balochistan province, local media and officials said early Thursday morning.

Director General of Provincial Disaster Management Authority in Balochistan Naseer Nasar told the media that casualties were reported from the Harnai district of the province where several houses collapsed after the jolts.

Rescue teams have rushed to different affected areas and have started rescue work, said the official.
He added that casualties might further rise as several people have been buried under the debris of the collapsed houses.
According to local media reports, the bodies and the injured are being shifted to nearby hospitals.
A state of emergency has been declared in the affected districts of the province. Enditem
Photo taken with a mobile phone shows a damaged road at the earthquake-hit area in Mirpur district of Pakistan-controlled Kashmir on Sept. 24, 2019.