Connect with us

Media

တရုတ်နိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာသုံးဟိုက်ဘရစ်ရထားစက်ခေါင်းစမ်းသပ်မောင်းနှင်မှုစတင်

ဟူးဟောက်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာသုံး ဟိုက်ဘရစ် ရထားစက်ခေါင်း ဖြင့် ကျောက်မီးသွေးသယ်ယူပို့ဆောင်မှုကို အတွင်းမွန်ဂိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြောက်ပိုင်း ၌ အောက်တိုဘာ ၂၉ ရက် တွင်စမ်းသပ်ပြေးဆွဲမောင်းနှင်ခဲ့ကြောင်းသိရသည်။

ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားစက်ခေါင်းထုတ်လုပ်ရေးစီမံကိန်းကို ပြည်နယ် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (SPIC) ၏ အတွင်းမွန်ဂိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခွဲ နှင့် CRRC Datong Co.,Ltd တို့နှင့် SPIC ၏ နောက်ထပ် ကုမ္ပဏီတစ်ခုဖြစ်သည့် ဟိုက်ဒရိုဂျင်စွမ်းအင်ကုမ္ပဏီတို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သမားရိုးကျ ဒီဇယ် စက်ခေါင်းများနှင့်နှိုင်းယှဉ်ပါက စွမ်းအင်သစ်သုံး ရထားစက်ခေါင်းသည် တစ်နှစ်လျှင် ကာဘွန်ထုတ်လွှတ်မှု တန်ချိန်ပေါင်း ၉၆,၀၀၀ တန် ကို လျှော့ချပေးနိုင်မည်ဖြစ်ပြီး  ၆၂၇ ကီလိုမီတာ အကွာ အဝေးရှိသည့် အတွင်းမွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Baiyinhua ကျောက်မီးသွေးတွင်းနှင့် တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းလျောင်နင်းပြည်နယ် ကျင်းကျိုးမြို့ဆိပ်ကမ်းသို့ ချိတ်ဆက်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။

CRRC Datong Co.,Ltd မှ ဒုတိယအင်ဂျင်နီယာချုပ် Li Lingtao က ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထားစက်ခေါင်းသည် တစ်နာရီလျှင် ကီလိုမီတာ ၈၀ အမြန်နှုန်းဖြင့်မောင်းနှင်နိုင်ကြောင်း၊ အဆိုပါရထားစက်ခေါင်းသည် လောင်စာအပြည့် ဖြည့်တင်းထားပါက အချိန်၂၄.၅ နာရီ ဆက်တိုက်မောင်းနှင်နိုင်ပြီး အများဆုံး တန်ချိန် ၅,၀၀၀ တန်ကို သယ်ဆောင်မောင်းနှင်နိုင်ကြောင်းဆိုသည်။

စွမ်းအင်သစ်သုံး ရထားစက်ခေါင်း အား စက်ရုံကြီးများ၊ ကျောက်မီးသွေးတွင်းများနှင့် ဆိပ်ကမ်းများတွင် အသုံးပြုနိုင်ရန်ကျယ်ပြန့်သည့်ဈေးကွက်အလားအလာရှိသည်။

ရေပြန်စွန့်ထုတ်မှုစနစ်ဖြင့်မောင်းနှင်သည့်  ဟိုက်ဒရိုဂျင်လောင်စာသုံး ရထားစက်ခေါင်းသည် မောင်းနှင်စဉ်အတွင်းလေထုညစ်ညမ်းမှုလုံးဝမရှိကြောင်းသိရသည်။ (Xinhua)

………………………………

(English Version)

GLOBALink | China’s first hydrogen fuel cell hybrid locomotive starts trial run

 

HOHHOT, Oct. 30 (Xinhua) — The first China-developed hydrogen fuel cell hybrid locomotive started a trial run on Friday on a railway line for coal transport in north China’s Inner Mongolia Autonomous Region.

 

The hydrogen energy locomotive project was jointly launched by the Inner Mongolia subsidiary of the State Power Investment Corporation Limited (SPIC), CRRC Datong Co., Ltd., and the Hydrogen Energy Co., Ltd. of SPIC.

 

Compared with traditional diesel locomotives, the new-energy locomotive is expected to cut carbon emissions by about 96,000 tonnes a year running on the 627-kilometer coal railway linking the Baiyinhua coal mine in Inner Mongolia with the port of Jinzhou in northeast China’s Liaoning Province.

 

Li Lingtao, deputy chief engineer with CRRC Datong Co., Ltd., said that the hydrogen fuel cell hybrid locomotive has a design speed of 80 km per hour. It can run continuously for 24.5 hours when fully loaded with fuel and its maximum traction load on straight roads reaches 5,000 tonnes.

 

The new-energy locomotive has broad market prospects for use in large factories, mines and ports.

With the emission of water, the hydrogen-fueled locomotive can realize zero pollution during operation.

 

Produced by Xinhua Global Service