Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဇူးရစ် မြို့ သို့ရောက်ရှိပြီး ဆွစ်ဇာလန် နိုင်ငံ ချစ်ကြည် လည်ပတ်ရေး ခရီး စတင်

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဆွစ်ဇာလန် နိုင်ငံ သမ္မတ Doris Leuthard တို့မှ ဂုဏ်ပြုတပ်ဖွဲ့ကို ကြည့်ရှုစစ်ဆေး နေစဉ်(ဆင်ဟွာ)

ဇူးရစ် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဆွစ်ဇာလန် နိုင်ငံ ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် အဖြစ် ဇန်နဝါရီလ ၁၅ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ၄၀ မိနစ် တွင် အထူး လေယာဉ်ဖြင့် ဇူးရစ် မြို့ကို ရောက်ရှိလာခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး တို့မှ ဇူးရစ် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ရောက်ရှိချိန်တွင် ဆွစ်ဇာလန် နိုင်ငံ သမ္မတ Doris Leuthard နှင့် ခင်ပွန်း ၊ အဆင့်မြင့် အရာရှိများ နှင့် ကြိုဆိုရေး အဖွဲ့ တို့မှ လေဆိပ်တွင် လာရောက် ကြိုဆိုခဲ့ကြသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဇန်နဝါရီလ ၁၅ ရက်နေ့ က ဆွစ်ဇာလန် နိုင်ငံ ဇူးရစ် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ရောက်ရှိ ခဲ့စဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး တို့အား ဆွစ်ဇာလန် နိုင်ငံ သမ္မတ Doris Leuthard နှင့် ခင်ပွန်း တို့မှ ဇူးရစ် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် လာရောက် ကြိုဆိုခဲ့စဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဇန်နဝါရီလ ၁၅ ရက်နေ့ က ဆွစ်ဇာလန် နိုင်ငံ ဇူးရစ် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ရောက်ရှိ ခဲ့စဉ်(ဆင်ဟွာ)

ဆွစ်ဇာလန် နိုင်ငံ သမ္မတ Doris Leuthard မှ လေဆိပ်တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး တို့အား ခမ်းနားကြီးကျယ် သည့် ကြိုဆိုပွဲ တစ်ရပ်ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင် တို့မှ ကော်ဇော်နီ တစ်လျှောက် လျှောက်လှမ်းကာ ဂုဏ်ပြုတပ်ဖွဲ့ကို ကြည့်ရှုစစ်ဆေး ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်-ဆွစ်ဇာလန် နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံ ပြည်သူလူထု အကြား ကာလတစ်လျှောက် ချစ်ကြည်ဆက်ဆံရေးရှိခဲ့ပြီး သံသမန် တည်ထောင်ခဲ့သည့် ၆၇ နှစ်တာ ကာလ အတွင်း နှစ်နိုင်ငံမှ အပြန်အလှန်လေးစားခြင်း ၊ တန်းတူညီမျှ ဆက်ဆံခြင်း ၊ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းစေခြင်း စသည့် မူဝါဒများဖြင့် နိုင်ငံရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှု ၊ အားကစား ၊ နည်းပညာ နှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၊ ၂၀၁၆ ခုနှစ်တွင် တရုတ်-ဆွစ်ဇာလန် နှစ်နိုင်ငံ မှ မိတ်ဘက် မဟာဗျူဟာဆက်ဆံရေး ပုံစံသစ် ကို တည်ထောင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး သည် ဖွံ့ဖြိုးတိုးတက်မှု အသစ်များ ရရှိခဲ့ကြောင်း ၊ မိမိ အနေဖြင့် ဆွစ်ဇာလန် နိုင်ငံ ခေါင်းဆောင်များ နှင့် ကဏ္ဍအသီးသီး ရှိသူများနှင့် နှစ်နိုင်ငံ ဆက်ဆံရေး နှင့် အတူတကွ စိတ်ဝင်စားသည့် ကိစ္စရပ် များတွင် သဘောထား အမြင်များ နက်ရှိုင်းစွာ ဖလှယ်သွားလိုကြောင်း ၊ တရုတ်-ဆွစ်ဇာလန် ဆက်ဆံရေး အား ပိုမို မြင့်မားသည့် အဆင့်သို့ရောက်ရှိအောင် တွန်းအားပေး ဆောင်ရွက်ပြီး ကမ္ဘာ့စီးပွားရေး အတွက် အတူတကွ ပူးပေါင်းကာ တွန်းအား ပေးဆောင်ရွက် သွားရန် ဆန္ဒရှိကြောင်း ၊ မိမိ အနေဖြင့် Davos သွားရောက်ကာ ၂၀၁၇ ခုနှစ် ကမ္ဘာ့စီးပွားရေး ဖိုရမ် ၏ နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက် သွားမည် ဖြစ်ပြီး ဂျီနီဗာ နှင့် Lausanne ကိုလည်း သွားရောက်ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များကို သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း ၊ တရုတ်-ဆွစ်ဇာလန် နှစ်နိုင်ငံ သက်ဆိုင်ရာ ကဏ္ဍအသီးသီး ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ယခု အကြိမ်လည်ပတ်ရေး ခရီးစဉ်တွင် အောင်မြင်မှုများစွာ ရရှိနိုင်မည် ကိုယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇူးရစ် မြို့ မှတစ်ဆင့် ဆွစ်ဇာလန် နိုင်ငံ၏ မြို့တော် ဘန်းမြို့ ကို သွားရောက်လည်ပတ်မည် ဖြစ်ပြီး ထိုနောက်တွင် Davos ကို သွားရောက်ကာ ၂၀၁၇ ခုနှစ် ကမ္ဘာ့စီးပွားရေး ဖိုရမ် နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်မည် ဖြစ်သည်။ထိုနောက်တွင် ကုလသမဂ္ဂ ၏ ဂျီနီဗာ ဌာနချုပ် ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ တို့ကို သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.