Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတ၏ ဆွစ်ဇာလန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ် စတင်

တရုတ်သမ္မတရှီကျင့်ဖိန် နှင့် ဆွစ်ဇာလန်နိုင်ငံသမ္မတ Doris Leuthard တို့  ဂုဏ်ပြုတပ်ဖွဲ့ ကို စစ်ဆေးနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး Peng Liyuan တို့သည် ဆွစ်ဇာလန်နိုင်ငံသို့လေးရက်ကြာချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့( ဇန်နဝါရီလ ၁၅ ရက်)တွင် တရုတ်နိုင်ငံပေကျင်းမြို့မှ စတင်ထွက်ခွာသွားကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံ သမ္မတ Doris Leuthard ဦးဆောင်သော ဆွစ်ဖက်ဒရယ်ကောင်စီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် သည် ဆွစ်ဇာလန်နိုင်ငံသို့ဇန်နဝါရီလ ၁၅ ရက် မှ ၁၈ ရက်ထိ လေးရက်ကြာ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ၌ ရောက်ရှိနေစဉ် သမ္မတရှီသည် ကမ္ဘာ့စီးပွားရေး ဖိုရမ် အမှုဆောင်အရာ ဥက္ကဋ္ဌ နှင့် တည်ထောင်သူ ပါမောက္ခ Klaus Schwab ၏ ဖိတ်ကြားချက်အရ ဇန်နဝါရီလ ၁၇ ရက်တွင် Davos မြို့၌ ကျင်းပမည့် ၂ဝ၁၇ ခုနှစ် ကမ္ဘာ့စီးပွားရေး ဖိုရမ် နှစ်ပတ်လည် အစည်းအဝေးသို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သမ္မတရှီသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ( WHO) ညွှန်ကြားရေးမှူးချုပ် မာဂရက်ချန်း ( Margaret Chan) နှင့် နိုင်ငံတကာအိုလံပစ်ကော်မတီ ( IOC ) ဥက္ကဋ္ဌ သောမတ်စ်ဘတ် ( Thomas Bach ) တို့၏ ဖိတ်ကြားချက်အရ ဇန်နဝါရီလ ၁၈ ရက်တွင် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံးချုပ် ၊ WHO ရုံး နှင့် IOC ရုံးများသို့အသီးသီးသွားရောက်လည်ပတ်ရန် ရှိကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့်အတူ တရုတ်အစိုးရထိပ်တန်းအရာရှိများဖြစ်သည့် Wang Huning ၊ Li Zhanshu နှင့် Yang Jiechi တို့လည်း အတူတကွ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.