Connect with us

Politics, Law & Military

NLD ပါတီခေါင်းဆောင်များပါဝင်သော အစိုးရအဖွဲ့ဝင်များနှင့်လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ဖွဲ့စည်း

အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း ထုတ်ပြန်ချက်အား တွေ့ရစဉ်(ဓာတ်ပုံ-NLD)

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ခေါင်းဆောင်များပါဝင်သည့် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ကို ယနေ့ ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၇ရက်နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်အရ အဆိုပါ အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဝင်းထိန်(ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းမြင့် (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)၊ ဒေါက်တာဇော်မြင့်မောင် (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)၊ ဒေါက်တာမျိုးညွှန့် (အရံ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)၊ ဦးတင်ထွဠ်ဦး (ဥက္ကဋ္ဌ-မန္တလေးတိုင်း အလုပ်အမှုဆောင်အဖွဲ့)နှင့် ဒေါ်လဲ့လဲ့(ဗဟိုကော်မတီ)တို့ပါဝင် ဖွဲ့စည်းလိုက်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117