Connect with us

Politics, Law & Military

လူ့အခွင့်အရေးဆိုင်ရာ ကုလ ကိုယ်စားလှယ် မစ္စ ရန်ဟီလီအား ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ လက်ခံ တွေ့ဆုံ

ပုံစာ -- မြန်မာနိုင်ငံ လူ့ အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီအား နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေက သမ္မတ အိမ်တော်တွင် လက်ခံ တွေ့ ဆုံစဉ် (ဆင်ဟွာ

နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီ (Ms. Yanghee Lee)အား နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေက သမ္မတ အိမ်တော်တွင် ယနေ့ နေ့ လယ် ၂ း ၀၀ နာရီမှ ၃ း ၀၀ နာရီအထိ လက်ခံ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယသမ္မတ တစ်ဦး က မောင်တော ဒေသစုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် မိမိကိုလက်ခံတွေ့ဆုံခြင်းအတွက် ဝမ်းမြောက် ပါကြောင်း မစ္စရန်ဟီလီက ပြောကြားပြီး မောင်တောဒေသ၌သတင်းထွက်ပေါ်နေသော အဓမ္မပြုကျင့်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတို့နှင့် စပ်လျဉ်း၍ ၎င်းအား ပြောကြားမှုများနှင့်ပတ်သက်သည့် သိရှိလိုသည် များကို ရင်းနှီးစွာမေးမြန်းဆွေးနွေးခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကလည်းမေးမြန်းချက်များကို ရင်းနှီး ပွင့်လင်းစွာ အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီနှင့် နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ သမ္မတ အိမ်တော်တွင် အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

ကော်မရှင်ဥက္ကဋ္ဌဒုတိယ သမ္မတ(၁)က မိမိတို့ ကော်မရှင် အဖွဲ့ဝင်များသည် နယ်ပယ် အသီးသီးမှ ကိုယ်စားပြု သော အတွေ့အကြုံ ရှိကြသည့် ပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်း တာဝန်အရ နယ်မြေသို့ကွင်းဆင်းစုံစမ်းစစ်ဆေး သည့်အခါ တစ်ဦးချင်း တာဝန်ယူမှုနှင့် အဖွဲ့လိုက် တာဝန်ယူမှုကို ပေါင်းစပ်သော ဆောင်ရွက် သည့် ပုံစံဖြင့် လုပ်ကိုင်ခဲ့ကြောင်း၊ အောက်တိုဘာ ၉ ရက်၊ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖြစ်ပွား ခဲ့သော ဖြစ်စဉ်များသည် ယခင်က ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော ဖြစ်စဉ် များနှင့် သဘော သဘာဝ မတူဘဲ နိုင်ငံတော်၏ လုံခြုံရေး အဖွဲ့အစည်း များကို ကာယကံမြောက် လက်နက်ကိုင် တိုက်ခိုက်ခြင်းဖြစ်၍ နိုင်ငံတော် ၏ အချုပ်အခြာ အာဏာကို ထိပါးသည့် ဖြစ်စဉ်ဖြစ်ကြောင်း ပြန်လည် ရှင်းပြခဲ့သည်။

ထို့အပြင် ကော်မရှင် ဥက္ကဋ္ဌက မိမိတို့ကို တာဝန်ပေး ထားသည့် တာဝန် ခုနစ်ရပ်အတိုင်း ဖြစ်စဉ်အတွင်း၌ အဓမ္မပြုကျင့်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဥပဒေနှင့် မညီညွှတ်သော ဆောင်ရွက်မှုများ ရှိ-မရှိနှင့် နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မပေါ် ပေါက်စေရေးအတွက် အကြံပြုရန်တို့ကိုအလေးထား၍စုံစမ်းဖော်ထုတ်ခဲ့ကြောင်း၊ မိမိတို့၏ ကြားဖြတ် အစီရင်ခံစာကိုလည်း ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့ ကာ ယခု အပြီးသတ် အစီရင်ခံစာကို ပြုစုနေပါကြောင်း စသည်ဖြင့် ကော်မရှင်၏ လုပ်ငန်းသဘာဝနှင့် ကော်မရှင် ဖွဲ့စည်းချိန်မှ ယခုအချိန်အထိ ဆောင်ရွက်လျက်ရှိသည် များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ သည်။မစ္စရန်ဟီလီအား အိမ်တော်၌ လက်ခံ တွေ့ဆုံစဉ် ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ (၁)နှင့်အတူ စုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူးးဦးဇော်မြင့်ဖေ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်ကြည်၊ ဦးထွန်းမြတ်၊ ဒေါက်တာ သက်သက်ဇင်၊ ဦးညွန့်ဆွေ၊ ဦးသာဉာဏ်၊ ဒေါ်ကျိန်ငိုက်မန်၊ ရဲချုပ် ဇော်ဝင်း၊ ဦးအောင်နိုင်၊ ဦးစောသလေးစော တို့လည်း ပါဝင်ခဲ့သည်။မစ္စရန်ဟီလီသည် ဒုတိယ သမ္မတ(၁)နှင့် မတွေ့ဆုံမီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီ်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117