Connect with us

Education & Health

တိုင်းနှင့်ပြည်နယ်အနှံ့ ရေကြီး ရေလျှံမှုများကြောင့် ရေဘေးသင့်ခဲ့သည့် အခြေခံပညာ ကျောင်းပေါင်း ၂,၉၆၈ ကျောင်းရှိ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှိ ရေကြီး ရေလျှံမှုများကြောင့် ပိတ်ထားရသော စာသင်ကျောင်း (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဇွန် ၊ ဇူလိုင်လများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုတွင် ရေကြီး ရေလျှံမှုများကြောင့် အခြေခံပညာကျောင်း ၁,၃၇၈ ကျောင်း ခေတ္တ ပိတ်ထားခဲ့ရပြီး ရေဘေးသင့်ခဲ့သည့် ပြန်ဖွင့်ပြီး ကျောင်းများ အပါအဝင် အခြေခံပညာ ကျောင်းပေါင်း ၂,၉၆၈ ကျောင်း ရှိကြောင်း ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

ယင်းရေဘေးသင့်ခဲ့သည့် အခြေခံပညာ ကျောင်းများ ပြန်လည် ထူထောင်ရေးအတွက် ယခုလအတွင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျောင်းထောက်ပံ့ကြေး ရန်ပုံငွေများကို သြဂုတ်လ ဒုတိယ အပတ်တွင် ကြိုတင် ထုတ်ပေးသွားမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ရေဘေးသင့် ကျောင်းများ၏ သန့်စင်ခန်းများ သန့်ရှင်းရေးနှင့် လိုအပ်သည်များ ပြုပြင်ရန် အခြေခံပညာကျောင်း ၂,၉၆၈ ကျောင်းအတွက် သုံးစွဲရန် စုစုပေါင်း ကျပ်သိန်း ၃,၇၇၆ ၊ ရေဘေးသင့် ကျောင်းများ ရွှံ့နွံများ ဆေးကြောခြင်းနှင့် လိုအပ်သည်များ ပြုပြင်ခြင်းကို သုံးစွဲရန် စုစုပေါင်း ကျပ်သိန်း ၃,၇၇၆ ၊ သန့်ရှင်းသော ရေရရှိရေးအတွက် ရေတုံကင် ပြုလုပ်ခြင်း ၊ ရေတွင်းတူးခြင်းများ အတွက် သုံးစွဲရန် စုစုပေါင်း ငွေကျပ် ၈,၉၀၄ သိန်း ၊ ရေဘေးသင့် ကျောင်းများမှ ကလေးသူငယ်များအား အာဟာရ ကျွေးမွေးခြင်းအတွက် သုံးစွဲရန် ငွေကျပ် ၅,၉၃၆ သိန်း ၊ ရေဘေးသင့် ကျောင်းများမှ စာသင်ခုံများ ထောက်ပံ့ပေးခြင်းကို သုံးစွဲရန် စုစုပေါင်း ငွေကျပ် ၇,၄၂၀ သိန်း တို့ကို လျာထားပြီး ကယ်ဆယ်ရေးစခန်း အဖြစ် ပြုလုပ်ထားသော ကျောင်း ၆၆ ကျောင်းတွင် သန့်ရှင်းရေး ၊ ပြန်လည် မွမ်းမံရေးတို့အတွက် ဆက်လက် စီမံဆောင်ရွက်မည့် အစီအစဉ်များ အပြင် ရေဘေးသင့် ရှမ်းပြည်နယ် အရှေ့နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် ကျောင်းသုံး စာရေး ကိရိယာများ ကို ဆက်လက် ထောက်ပံ့ပေးခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

ရေကြီး ရေလျှံမှုများကြောင့် ခေတ္တ ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းပေါင်း ၁,၃၇၈ ကျောင်းများရှိ ကျောင်းသား/သူများအတွက် ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများသို့ သြဂုတ်လ ၃ ရက်မှ စတင်၍ စုစုပေါင်း ငွေကျပ်သန်း ၃၁၇ . ၃၄၄ တန်ဖိုးရှိ စာရေး ကိရိယာများကို ပေးပို့လျှက် ရှိသည်ဟု သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117