Connect with us

Education & Health

ကျန်းမာရေး ဘတ်ဂျက် ပိုမိုတိုးမြှင့်ချပေးမှုကြောင့် ဆေးနှင့် ဆေးပစ္စည်း အမေရိကန် ဒေါ်လာ ၁၁၂ သန်းခန့် ဝယ်ယူနိုင်

အမျိုးသားအဆင့် ကျန်းမာရေး ညီလာခံ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေး ဘတ်ဂျက် ကျပ် ၇၅၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၆၀၂ သန်း) ခွဲ ထိ တိုးမြှင့် ချထားပေးမှုကြောင့် ယခုနှစ် ဆေးနှင့် ဆေးပစ္စည်းများကို အမေရိကန် ဒေါ်လာ ၁၁၂ သန်းဖိုးခန့် ဝယ်ယူလာနိုင်ကြောင်း ယနေ့ နေပြည်တော်၌ ကျင်းပသော အမျိုးသားအဆင့် ကျန်းမာရေး ညီလာခံတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသည်။

အဆိုပါ ကျန်းမာရေး ဘတ်ဂျက်သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ခွဲဝေချထားမှုထက် ၈.၇ ဆခန့် ပိုမို တိုးမြှင့် ချထားပေး နိုင်ခဲ့ပြီး အဓိက လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို ၂၀၁၁ ခုနှစ်ထက် ၃၅ ဆ တိုးမြှင့် ဝယ်ယူနိုင်ခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်သည် ဆေးနှင့် ဆေးပစ္စည်းများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ထက် ပိုမို ဝယ်ယူနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတော် ရန်ပုံငွေများ တိုးမြှင့်သုံးစွဲမှုကြောင့် ကျန်းမာရေး အတွက် ပြည်သူများ စိုက်ထုတ် ကုန်ကျရငွေသည် ၂၀၁၁ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းထိ လျော့ကျလာသည်။

ကျန်းမာရေး အစောင့် အရှောက်ပေးရန် အခြေခံ အဆောက်အဦများ၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဇွန်လအထိ ဆေးရုံများ တိုးချဲ့ ဖွင့်လှစ်မှုသည် ၁၅ ရာခိုင်နှုန်း တိုးတက်လာပြီး ဆရာဝန်များ၊ သူနာပြုများ ၂၅ ရာခိုင်နှုန်း တိုးမြှင့် မွေးထုတ်ခဲ့ကာ ဆရာဝန် ခန့်ထားမှု ၃ ဆခန့်နှင့် သူနာပြု ခန့်ထားမှု ၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဒုတိယ သမ္မက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

အမျိုးသားအဆင့် ကျန်းမာရေး ညီလာခံကို ယနေ့ နေပြည်တော်တွင် ကျင်းပခဲ့ပြီး ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အလှူရှင်များ၊ လူမှုရေး အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.