Latin America
ဗင်နီဇွဲလား၌ လေယာဉ်ပျက်ကျ ၊ ၆ ဦးသေဆုံး
ကာရာကက်စ် ၊ ဇန်နဝါရီ ၃ဝ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ၌ ဇန်နဝါရီလ ၂၈ရက်က လေယာဉ်ငယ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါသွားသူ ၆ ဦး အသက်သေဆုံးသွားကြောင်း တာဝန်ရှိသူများက ဇန်နဝါရီလ ၂၉ ရက်တွင်ပြောကြားခဲ့သည်။
BE-58 လေယာဉ်ငယ်သည် ဗင်နီဇွဲလားနိုင်ငံမြောက်ပိုင်း ဘာဆီလိုနာမြို့မှထွက်ခွာလာပြီး ခရီးသွားဇုန်တည်ရှိရာ နိုင်ငံမြောက်ပိုင်းကမ်းရိုးတမ်းမြို့ဖြစ်သော Margarita မြို့သို့ဦးတည်ပျံသန်းလာခြင်းဖြစ်ကြောင်း နှင့် ၎င်းမြို့သို့လေယာဉ်ဆိုက်ရောက်ပြီး မြေပြင်သို့ဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံရှေ့နေချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ အသေးစိတ်အကြောင်းအရာများကို ထုတ်ပြန်ထားခြင်းမရှိကြောင်း နှင့် မည်သည့်အတွက်ကြောင့် လေယာဉ်ပျက်ကျသွားရသည်ကို ဆုံးဖြတ်နိုင်ခြင်းမရှိသေးကြောင်း ရှေ့နေချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။(Xinhua)