Politics, Law & Military
တရုတ် နိုင်ငံ မှ ခေတ်သစ် ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက် နိုင်ငံ များတွင် ရင်းနှီးမြှုပ်နှံမှုပေါင်း အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ ကျော် ပြုလုပ်ထားရှိ
ပေကျင်း ၊ မတ် ၇ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဥက္ကဋ္ဌ ဟယ်လိဖုန်း (He Lifeng) က မတ်လ ၆ ရက်နေ့ တွင် ကျင်းပ ခဲ့သော ၁၂ ကြိမ်မြောက် တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် ၅ ကြိမ်မြောက် အစည်းအဝေး သတင်းစာ ရှင်းလင်းပွဲ တွင် တရုတ် နိုင်ငံ သည် ပြီးခဲ့သည့် ၃ နှစ်တာ ကာလ အတွင်း ခေတ်သစ် ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက် ရှိနိုင်ငံ များတွင် ရင်းနှီးမြှုပ်နှံမှုပေါင်း အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ ကျော်ပြုလုပ် ခဲ့ကြောင်း ပြောကြား ခဲ့သည်။
ဟယ်လိဖုန်း က ခေတ်သစ် ပိုးလမ်းမကြီး တည်ဆောက်ရေးတွင် အလွန်လျင်မြန်စွာ တိုးတက်မှုများ ရရှိခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုအား အပြည်ပြည်ဆိုင်ရာ မှ နိုင်ငံ နှင့် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် ၏ အားပေးထောက်ခံမှုကို ရရှိခဲ့ကြောင်း ၊ လမ်းကြောင်း တစ်လျှောက်တွင် နိုင်ငံတော် အစိုးရချင်း ပူးပေါင်းဆောင်ရွက်ကြသော စာချုပ်ပေါင်း ၅၀ ကျော်ကို ချုပ်ဆိုနိုင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း နှင့် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုပေါင်း ၇၀ ကျော်ကို ချုပ်ဆို နိုင်ခဲ့ကြောင်း ၊ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုများ မှ တဆင့် စံနမူနာ ထားရှိနိုင်သော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကိုလည်း တွန်းအားပေး ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ ပူးပေါင်းဆောင်ရွက်မှုများတွင် နိုင်ငံအချင်းချင်း ချိတ်ဆက်သည့် ရထားလမ်း စီမံကိန်းများ အပြင် ဆိပ်ကမ်း နှင့် အခြား အခြေခံအဆောက်အဦ တည်ဆောက်မှု စီမံကိန်း များလည်း ပါဝင် ခဲ့ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် ဟယ်လိဖုန်း က ယခုနှစ် မေလပိုင်းတွင် ခေတ်သစ်ပိုးလမ်းမကြီး ဆိုင်ရာ နိုင်ငံတကာ ထိပ်သီး ဆွေးနွေးပွဲကြီး ကို ကျင်းပ သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး ကော်မတီ မှလည်း ထိုအစည်းအဝေး နှင့် ပတ်သက်သော ပထမဆုံး အကြိမ် အဆင့်မြင့် အရာရှိ ဆွေးနွေးပွဲ ကို ဦးဆောင် ကျင်းပ သွားမည် ဖြစ်ကြောင်း ၊ အဆင့်မြင့် အရာရှိ ဆွေးနွေးပွဲ ကို “1+6” ဟု အတိုချုံး ခေါ်ဆိုသွားမည်ဖြစ်ကာ အဓိက ခေါင်းစဉ် အစည်းအဝေး နှင့် အခြား တစ်ပြိုင်နက် အစည်းအဝေး ၆ ခုကို ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)