Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သည် ယခု နှစ်အတွင်း “Bei Dou-3” ဂြိုဟ်တုများ လွှတ်တင်သွားမည် ဖြစ်ကြောင်း ပြောကြား

၂၀၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ က တရုတ် နိုင်ငံ မှ ၂၃ လုံးမြောက် "Bei Dou" ဂြိုဟ်တု ကို လွှတ်တင် ခဲ့စဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၇ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသားကော်မတီ ၏ ညီလာခံ ကိုယ်စားလှယ် ၊ Bei Dou ဂြိုဟ်တု လမ်းညွှန်စနစ် ဒုတိယ အင်ဂျင်နီယာချုပ် ရန်ယွမ်ရှီ (Yang Yuanxi) က တရုတ် နိုင်ငံ အနေဖြင့် ယခုနှစ် အတွင်း “Bei Dou-3” ဂြိုဟ်တု ၆ လုံး မှ ၈ လုံး အထိ လွှတ်တင်သွားမည်ဖြစ်ပြီး အချို့လွှတ်တင်မှုများတွင် တစ်ကြိမ်တည်းဖြင့် ဂြိုလ်တု ၂ လုံး လွှတ်တင်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မတ်လ ၆ ရက်နေ့က ပြောကြားခဲ့သည်။

ရန်ယွမ်ရှီ က “Bei Dou-3” ဂြိုဟ်တု ၏ လုပ်ဆောင်နိုင်မှု စွမ်းရည်သည် တိုးတက်မှုများစွာ ရရှိခဲ့ကြောင်း ၊ ရေးဆွဲထားသည့် အစီအစဉ် များအရ ၂၀၂၀ ခုနှစ်တွင် “Bei Dou” ဂြိုဟ်တုပေါင်း ၃၅ လုံး မှာ ဂြိုဟ်ပတ်လမ်းကြောင်း တွင် လည်ပတ်မည် ဖြစ်ပြီး ကမ္ဘာ့နေရာ အနှံအပြား ကို လွှမ်းခြုံသွား နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ရန်ယွမ်ရှီ က “Bei Dou” ဂြိုဟ်တု လမ်းညွှန်စနစ် သည် ဒီဇိုင်းပိုင်း နှင့် တည်ဆောက်မှု ပိုင်းတွင် နည်းပညာ အလွန်မြင့်မားကြောင်း ၊ သက်ဆိုင်ရာ ဌာန အနေဖြင့် မူဝါဒ များချမှတ်ကာ “Bei Dou” ဂြိုဟ်တု လမ်းညွှန်စနစ် အသုံးပြုမှု ကို ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်ပြီး “Bei Dou” ဂြိုဟ်တု လမ်းညွှန်စနစ် အား လူအများ ပိုမို သိရှိ နားလည်အောင် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.