Social, Education & Health
ရှင်းကျန်းဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုက ၎င်းတို့၏လူအခွင့်အရေးတိုးတက်မှု အမှန်တရားကို ဖော်ပြနေ
ဝူးလူမုချီ ၊ မေ ၂၅ ရက်(ဆင်ဟွာ)
ရှင်းကျန်းနှင့်ပတ်သက်၍ အနောက်နိုင်ငံအချို့မှ နိုင်ငံရေးသမားများက အလိမ်အညာများ နှင့် တမင်ဖန်တီးသည့် မမှန်သတင်းများ ဆက်လက်ဖြန့်ဖြူးနေသော်လည်း ရှင်းကျန်းဒေသ၏ မကြုံစဖူး ဖွံ့ဖြိုးတိုးတက်မှု နှင့် ထူးခြားမှတ်သားဖွယ် အောင်မြင်ဖြစ်ထွန်းမှုများသည် အမှန်တရားကို ဖော်ပြနေသည်။တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လူမျိုးစုအမျိုးမျိုး၏ ၂၅ သန်းသော ပြည်သူများအပါအဝင် တရုတ်လူမျိုးများအားလုံးသည် “လူမျိုးတုံး သတ်ဖြတ်မှု” ၊ “အတင်းအကြပ်ခိုင်းစေမှု” စသည့် အလိမ်အညာမုသားများ ကြားနေရခြင်းကို ငြီးငွေ့ကြသည်။ရှင်းကျန်းပြည်သူများသည် အမှန်တကယ်လူအခွင့်အရေးဘဝဇာတ်ကြောင်းများကို ပြောဆိုရန် အမြဲတမ်းအဆင်သင့်ရှိခဲ့ကြသည်။
၁၉၅၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ရှင်းကျန်းဒေသ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) နှင့် တစ်ဦးချင်း GDP သည် ယွမ် ၁ ဒသမ ၄ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၀၉ ဘီလီယံခန့်) နှင့် ၅၃,၅၉၃ ယွမ် သို့ အသီးသီး ရောက်ရှိရန် စဉ်ဆက်မပြတ်ဈေးနှုန်းများမှာ အဆ ၁၆၀ နှင့် အဆ ၃၀ ခန့် တိုးလာခဲ့သည်။
၁၉၇၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြို့ပြ နှင့် ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်း သုံးစွဲနိုင်သောဝင်ငွေသည် အဆ ၁၀၀ ကျော် တိုးလာခဲ့သည်။
ရှင်းကျင်းဒေသရှိ ဝေဂါလူဦးရေသည် ၂၀၀၀ ပြည့်နှစ်တွင် ၈ ဒသမ ၃ သန်းကျော်မှ ၂၀၂၀ ပြည့်နှစ်တွင် ၁၁ ဒသမ ၆ သန်းကျော်အထိ တိုးပွားလာခဲ့သည်။ ဒေသ၏ ပျမ်းမျှသက်တမ်းသည် ၁၉၄၉ ခုနှစ်တွင် နှစ် ၃၀ အောက်မှ ၂၀၁၉ ခုနှစ်တွင် ၇၄ ဒသမ ၇ အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပကတိဆင်းရဲနွမ်းပါးမှုအား နှုတ်ဆက်ခဲ့ပြီး ဒေသသည် ချမ်းသာဝပြောခြင်း နှင့် ခေတ်နှင့်အမီလိုက်ခြင်း ခေတ်သစ်အား လက်ခံကြိုဆိုခဲ့သည်။
ရှင်းကျင်းဒေသသည် မိုဘိုင်းလ်ဖုန်းများ နှင့် မိုဘိုင်းလ်ကြိုးမဲ့အင်တာနက်ချိတ်ဆက်စနစ် ငှားရမ်းအသုံးပြုသူများ၏ ထိုးဖောက်ဝင်ရောက်မှုနှုန်းမှာ ၂၀၂၁ ခုနှစ်တွင် ၁၀၀ လျှင် ၁၁၇ ဒသမ ၅ နှုန်းနှင့် လူ ၁၀၀ လျှင် ၉၅ ဒသမ ၇ နှုန်းအသီးသီးတွင် ရှိနေသည်ကို တွေ့မြင်ရသည်။ 5G အခြေစိုက်စခန်း ၁၉,၀၀၀ ကျော် တည်ဆောက်ရာတွင် ယွမ်နှစ်ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံထားကြောင်းလည်း သိရသည်။
ရှင်းကျန်းပြည်သူများသည် ယခုအခါတွင် ပျော်ရွင်စွာ နေထိုင်နေကြပြီး တည်ငြိမ်မှု ၊ ဘေးကင်းလုံခြုံမှု နှင့် တိုးတက်မှု အကျိုးခံစားနေရကာ တရုတ်နိုင်ငံတွင် အောင်မြင်သော လူအခွင့်အရေးကာကွယ်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုအား စံနမူနာ ဖြစ်နေသည်။
ရှင်းကျန်းဒေသအတွင်း မကြုံစဖူး ဖွံ့ဖြိုးတိုးတက်မှု နှင့် ချမ်းသာဝပြောမှုအား မြင်တွေ့ဖူးသူတိုင်း အနောက်နိုင်ငံအချို့က နိုင်ငံရေးသမားများ၏ အခြေအမြစ်မရှိသော စွပ်စွဲအပြစ်တင်သံများတွင် လိမ်ညာ လှည့်စားခံရမည် မဟုတ်ပေ။
ခေတ်သစ်တွင် ရှင်းကျန်းဒေသသည် ဗဟိုအစိုးရ နှင့် အခြားပြည်နယ်များ၏ ကူညီပံ့ပိုးမှုဖြင့် လူအခွင့်အရေး တိုးတက်လာခြင်း နှင့် ပြည်သူများ၏ သုခချမ်းသာအား မြှင့်တင်ခြင်းတို့တွင် ကြီးမားသောတိုးတက်မှုများကိုသာပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။ (Xinhua)
#China #Xinjiang #development #achievement #တရုတ်နိုင်ငံ #ရှင်းကျန်း #ဖွံ့ဖြိုးတိုးတက်မှု #အောင်မြင်မှု #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar
…………………………………………
(English Version)
Xinhua Commentary: Xinjiang’s development speaks the truth of its human rights progress
URUMQI, May 25 (Xinhua) — While some Western politicians continue to spread lies and disinformation about Xinjiang, the region’s unprecedented development and remarkable achievements speak the truth.
All Chinese, including the 25 million people of various ethnic groups in northwest China’s Xinjiang Uygur Autonomous Region, are tired of hearing lies such as “genocide” and “forced labor.” The Xinjiang people are always ready to tell real human rights stories.
From 1955 to 2020, Xinjiang’s GDP and per capita GDP increased by about 160 times and 30 times at constant prices to reach 1.4 trillion yuan (about 209 billion U.S. dollars) and 53,593 yuan, respectively.
From 1978 to 2020, the per capita disposable income of urban and rural residents both saw an increase of over 100 times.
The Uygur population in Xinjiang grew from over 8.3 million in 2000 to over 11.6 million in 2020, and the region’s average life expectancy rose from less than 30 years in 1949 to 74.7 in 2019.
Having bid farewell to absolute poverty in 2020, the region is embracing a new era of prosperity and modernization.
The region saw its penetration rates of mobile phones and mobile broadband subscribers stand at 117.5 per 100 people and 95.7 per 100 people, respectively, in 2021. It has also invested nearly 2 billion yuan in building over 19,000 5G base stations.
The Xinjiang people now live happy lives and enjoy stability, security and progress, epitomizing the successful human rights protection and development in China.
Anyone who has seen the unprecedented development and prosperity in Xinjiang will not be duped by the unfounded accusations of certain Western politicians.
In the new era, Xinjiang will only make greater strides in enhancing the well-being of its people and advancing human rights with the support of the central government and other provinces. ■
Photo – Photo shows an interior view of a workshop at the production base of Erke in Tianjin industrial park in Yutian County, northwest China’s Xinjiang Uygur Autonomous Region, Jan. 13, 2022. (Xinhua/Ding Lei)