Connect with us

Economy

လန်ချန်း-မဲခေါင်ဒေသ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ပြင်ဦးလွင်မြို့၌ အကောင်အထည်ဖော်ဆောင်ရွက်

မက္ကဒေးမီးယား အခွံစိမ်းခွာစက်အားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)
ယခုရက်ပိုင်းတွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် “လန်ချန်း-မဲခေါင်ဒေသ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး” စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ မေ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မက္ကဒေးမီးယား အခွံစိမ်းခွာစက်အားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

မက္ကဒေးမီးယား အဆံခွဲကိရိယာအားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

မက္ကဒေးမီးယားပျိုးပင်များအားတွေ့ရစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

မက္ကဒေးမီးယား ထုတ်လုပ်ခြင်းဆိုင်ရာ စက်ကိရိယာများပေးအပ်ခြင်း အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

မက္ကဒေးမီးယားထုတ်လုပ်ခြင်းဆိုင်ရာ စက်ကိရိယာများပေးအပ်ခြင်း အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

မက္ကဒေးမီးယားပျိုးပင် ၃၀,၂၈၂ ပင်၊ အခွံမာခွဲကိရိယာနှင့် အခွံနွှာစက် ၂၀၆ လုံးတို့ကို တောင်သူ ၁၁၈ ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းအား အမေရိကန်ဒေါ်လာ ၃၈၄,၃၀၀ ဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကာလမှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဖြစ်ကာ မြန်မာနိုင်ငံမှ မက္ကဒေးမီးယားစိုက်ပျိုးသော တောင်သူများကို လက်တွေ့အကျိုးပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.