Connect with us

North America

အမေရိကန်နိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ တစ်သောင်းကျော် ရှိပြီ ဖြစ်

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်၌ မျောက်ကျောက်ရောဂါကာကွယ်ဆေးထိုးနှံပေးသောနေရာတွင် တန်းစီစောင့်ဆိုင်းနေသူများအား ဩဂုတ် ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၁၀,၃၉၂ ဦး ရှိပြီဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ(CDC)၏ ဩဂုတ် ၁၀ ရက် နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်းများ၌ ဖော်ပြထားသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး အစိုးရ၏ ကိုင်တွယ်မှုအားနည်းခြင်းကြောင့် ဘက်ပေါင်းစုံက ဝေဖန်မှုရှိကြောင်း သိရသည်။

CDC ကိန်းဂဏန်းများတွင် ဩဂုတ် ၁၀ ရက်က နိုင်ငံတစ်ဝန်း၌ မျောက်ကျောက်ရောဂါ အသစ်ထပ်တိုးလူနာ ၁,၃၉၁ ဦး ရှိကြောင်း ဖော်ပြထားသည်။ ၎င်းမှာ အမေရိကန်နိုင်ငံ၌ မေလမှစ၍ ပထမဆုံးအကြိမ် တစ်ရက်အတွင်း လူနာ တစ်ထောင်ကျော် ရှိလာခြင်း ဖြစ်သည်။

အမေရိကန် ကျန်းမာရေးနှင့်အများပြည်သူဝန်ဆောင်မှုဌာနက မျောက်ကျောက်ရောဂါကို ဩဂုတ် ၄ ရက်တွင် ၎င်းနိုင်ငံ၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့် ယခုရက်ပိုင်းများတွင် ကာကွယ်ဆေး ၆ သိန်းကျော် ဝေငှပြီးဖြစ်သလို ကာကွယ်ဆေးအများအပြားကိုလည်း မှာယူထားကြောင်း သိရသည်။ သို့သော် လက်ရှိ ကပ်ရောဂါအခြေအနေကို ထိန်းချုပ်ရန် ကာကွယ်ဆေး ၃၅ သိန်း လိုအပ်သည်ဟု ပညာရှင်များက ကြိုတင်ခန့်မှန်းထားရာ မှာယူထားသော ကာကွယ်ဆေး ၁၁ သိန်းတွင် ၅ သိန်းက အောက်တိုဘာလတွင်မှ ရရှိနိုင်မည် ဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းက ဖော်ပြထားသည်။ အမေရိကန်၏ အခြားမှာယူထားသော မျောက်ကျောက်ရောဂါကာကွယ်ဆေး ၅၅ သိန်းသည် စာချုပ်အရ လာမည့်နှစ်မှ ရရှိမည် ဖြစ်ကြောင်း သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ်သည် အမေရိကန်နိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှု အများဆုံးပြည်နယ်ဖြစ်သည်။ ယင်းပြည်နယ်၏ အထက်လွတ်တော်တွင် ဖွဲ့စည်းထားသော မျောက်ကျောက်ရောဂါတုံ့ပြန်ရေးအထူးကော်မတီသည် ဩဂုတ် ၉ ရက်က ပထမဆုံးအကြိမ် အစည်းအဝေး ကျင်းပပြီး ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်ရန် ဖက်ဒရယ်အစိုးရအား တိုက်တွန်းခဲ့သည်။

အဆိုပါ ကော်မတီတာဝန်ခံ၊ ပြည်နယ်လွှတ်တော်အမတ် Scott Wienerက အမေရိကန်အစိုးရအနေဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍတုံ့ပြန်မှုတွင် ဆိုးဝါးစွာ ဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော်လည်း သင်ခန်းစာမယူဘဲ နောက်ထပ်တစ်ဖန် ကိစ္စရပ်အား ဆိုးဝါးအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………………….
(Chinese Version)
(科技)美国猴痘确诊病例数超万例
2022-08-11 20:33:43 分类: 科学技术
新华社洛杉矶8月10日电(记者黄恒)美国疾病控制和预防中心10日发布的最新数据显示,美国猴痘确诊病例数已达10392例。美国猴痘病例数为全球最多,政府应对不力招致多方批评。
美疾控中心数据显示,10日当天全美报告新增猴痘确诊病例1391例,这是美国自5月报告首例猴痘病例以来,首次单日新增病例数过千。
美国卫生与公共服务部已于4日宣布猴痘疫情为该国公共卫生紧急事件。美国政府近日称已分发约60万剂疫苗,并订购了大量疫苗。但《纽约时报》披露说,专家预计当前控制疫情需350万剂疫苗,而且订购的110万剂疫苗中的50万剂要到10月才能交货。美国订购的另外550万剂猴痘疫苗按合同期则要到明年才会交货。
加利福尼亚州是美国猴痘病例较多的州,该州参议院组成的猴痘应对特别委员会于9日举行首次会议,呼吁联邦政府采取更多行动控制疫情。委员会负责人、州参议员斯科特•维纳说,美国政府连续出现严重的公共卫生应对失败,可没有吸取教训,再次把事情搞砸了。(完)
1. 8月11日,人们在美国洛杉矶一处猴痘疫苗接种点排队接种。 新华社发(曾慧摄)