Breaking News
ထိုင်ဝမ်အနီး ရေပြင်၌ ပြင်းအား ၅.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်
ပေကျင်း ၊ မေ ၂ ရက် (ဆင်ဟွာ)
ထိုင်ဝမ်ကျွန်း၏ Hualien မြို့အနီး ပင်လယ်ရေပြင်၌ ယနေ့(မေလ ၂ ရက်) ပေကျင်းစံတော်ချိန် နံနက် ၇ နာရီ ၄၇ မိနစ်တွင် ပြင်းအား ၅.၂ အဆင့်ရှိ အင်အား အသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းငလျင်သည် ရေအောက် အနက် ၁၅ ကီလိုမီတာကို ဗဟိုပြု၍ မြောက်လတ္တီကျူ့၂၃.၉၇ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့၁၂၂.၂၉ ဒီဂရီအကြားတွင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း စင်တာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)
Continue Reading