ပေကျင်း ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ နောက်ဆုံးရရှိသော သတင်းအချက်အလက်များကို စုစည်းဖော်ပြလိုက်သည်။

ကျိနန်၊ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ရွှေတွင်းတစ်ခု၌ မီးလောင်မှုကြောင့် မြေအောက်တွင် နှစ်ပတ်ကြာပိတ်မိနေခဲ့သည့် မိုင်းလုပ်သား ၁၁ ဦးကို ယနေ့ ဇန်နဝါရီ ၂၄ ရက်တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖူအယ်၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ဖူအယ်မြို့ စီးမော်ဒေသမှ လျန်ချန်း လားဟူတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်သို့ သွားရောက်သည့် စီးလန် အဝေးပြေးလမ်းမကြီးကို ဇန်နဝါရီ ၂၀ ရက်က ဖွင့်လှစ်ခဲ့သည်။ စီးလန် အဝေးပြေးလမ်းမ၏ ပင်မလမ်းကြောင်း စုစုပေါင်းအရှည်မှာ (၁၂၅) ကီလိုမီတာ ခန့်ရှိကြောင်း သိရသည်။

လားဆ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် 5G အခြေစိုက်စခန်း၂,၈၀၀ ကျော် တည်ဆောက်ထားပြီးဖြစ်ကြောင်း ဒေသအာဏာပိုင်များက ဇန်နဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ ပေကျင်းမြို့ တာ့ရှင်းခရိုင်အတွင်းရှိ ဒေသခံများအားလုံးကို မြို့တော်မှ ထွက်ခွာခြင်းမပြုရန် ဇန်နဝါရီ ၂၀ ရက်က တားမြစ်လိုက်သော ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ဇန်နဝါရီ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံနှင့်သက်ဆိုင်သော အရေးကိစ္စရပ်များစွာတွင် ရူးမိုက်စွာ အမေရိကန်က ပါဝင်ဆောင်ရွက်မှုများအတွက် အဓိက တာဝန်ရှိသူများ နှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ဆိုးဆိုးရွာရွာ ပါဝင် ချိုးဖောက်ခဲ့ကြသည့် လူပုဂ္ဂိုလ် ၂၈ ဦးအား ဒဏ်ခတ်အရေးယူပိတ်ဆို့ရန် တရုတ်နိုင်ငံက ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယနေ့ ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ကျန်းကျားခို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ၂၀၂၂ ခုနှစ် ပေကျင်း အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် ဆောင်းရာသီအားကစားပွဲများ၏ ကျန်းကျားခို ပြိုင်ပွဲဇုန်အား ဇန်နဝါရီ ၁၉ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံတွင် ခရီးသည်နှင့် ကုန်ပစ္စည်း ရထားသယ်ယူပို့ဆောင်မှုစွမ်းရည်ကို မြှင့်တင်ရန်အတွက် ရထားပြေးဆွဲမှုစီမံကိန်းသစ်ကို ယနေ့ (ဇန်နဝါရီ ၂၀ ရက်)က စတင်လိုက်ကြောင်း တရုတ်နိုင်ငံ မီးရထားဌာနမှ သိရသည်။

ချန်ရှီး၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ချိန်တူး-ကွေ့ယန် မြန်နှုန်းမြင့် ရထားလမ်း၏ ရှီးချီမြစ်ကူးတံတားကြီးသည် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ပိကျယ်မြို့ ဝူမုန်ဆန်းတောင်ရှိ ရှီးချီ ချောက်ကမ်းပါးကို အလျားလိုက်ချိတ်ဆက်ထားခြင်း ဖြစ်သည်။

ရှီးချန်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ မိုဘိုင်းဆက်သွယ်ရေး ဂြိုဟ်တုအသစ်တစ်စင်းကို ဇန်နဝါရီ ၂၀ ရက်က အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။