Connect with us

Media

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ အဏုမြူစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတည်ဆောက်မှု ဖွင့်လှစ်

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့်ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်တို့သည် ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် အဏုမြူစွမ်းအင်စီမံကိန်း စက်ရုံတည်ဆောက်မှု ဖွင့်ပွဲအားရုပ်သံလင့်မှတစ်ဆင့်ကြည့်ရှုအားပေးခဲ့ကြသည်။

ကျန်းစုပြည်နယ်နှင့် လျောင်နင်းပြည်နယ် နှစ်ခုတွင်တည်ရှိသော အဏုမြူစွမ်းအင်ထုတ်လုပ်ရေးစက်ရုံ နှစ်ခုရှိ ဓါတ်ပေါင်းဖို၄ ခုအားတရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဏုမြူစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း သည် နှစ်နိုင်ငံ အကြား ဦးစားပေး ပူးပေါင်းဆောင်ရွက်မှုရှိသည့်စီမံကိန်းတစ်ခုဖြစ်သည်။

၂၀၁၈ ခုနှစ်ဇွန်လတွင် တရုတ် နှင့် ရုရှား နှစ်နိုင်ငံသမ္မတများ က အဏုမြူစွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာသဘောတူညီမှုများ လက်မှတ်ရေးထိုးခဲ့ကြသည်။
နှစ်နိုင်ငံစလုံးက ထျန်းဝမ် အဏုမြူစွမ်းအင် စက်ရုံရှိ အမှတ် ၇ နှင့် ၈ ဓါတ်ပေါင်းဖိုများနှင့် ရွှီတာပေါ အဏုမြူစွမ်းအင် စက်ရုံရှိ အမှတ် ၃ နှင့် ၄ ဓါတ်ပေါင်းဖိုများအားဖွင့်လှစ်ရန် သဘောတူညီခဲ့ကြသည်။

၎င်းမှာ တရုတ်နှင့် ရုရှားနှစ်နိုင်ငံ အဏုမြူစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများထဲတွင် အကြီးဆုံးစီမံကိန်းဖြစ်သည်။
စက်ရုံများတည်ဆောက်ပြီးစီးပါက ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှတ်ခြင်းအား လျှော့ချနိုင်မည်ဖြစ် ပြီး ကာဘွန် ထုတ် လွှတ်မှုကင်းစင်သည့်နိုင်ငံအဖြစ်အားထုတ်မည့်တရုတ်နိုင်ငံ၏ ရည်မှန်းချက်များအားပြည့်မီစေမည်ဖြစ်သည်။ (Xinhua)