Connect with us

Media

လမ်းပေါ်တွင်သတိလစ်သွားသည့် ယာဉ်ထိန်းရဲအား ပြည်သူများ ဝိုင်းဝန်းကယ်တင်

ရှင်းကျန်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Artux မြို့တွင် ယာဉ်လမ်းကြောင်းရှင်းလင်းရေး လုပ်ဆောင်နေသည့် ယာဉ်ထိန်းတစ်ဦးသည် လုပ်ငန်းခွင်အတွင်း သတိလစ်မေ့မြောခဲ့ ရာ လမ်းသွားလမ်းလာများက ဝိုင်းဝန်းကာ ဆေးရုံသို့ပို့ဆောင် ကယ်တင် ပေးခဲ့ကြသည်။အဆိုပါ ယာဉ်ထိန်းရဲမှာ ကုသမှုများခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့သည်။ယာဉ်ထိန်းရဲ အရာရှိအား ကယ်တင်ပေးခဲ့သည့် ယာဉ်မောင်းဖြစ်သူ Jerula က “ ကျွန်တော်တို့ဆီက ယာဉ်ထိန်းအရာရှိတွေဟာ သိပ်ပြီးအလုပ်လုပ်ကြတာပဲ၊ ကျွန်တော်ပြောချင်တာက သူတို့ကို ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။

သတိလစ်မေ့မြောသွားသည့် ရဲအရာရှိ Ailyar Abulit က “ အဲဒီအချိန်တုန်းမှာ ရာသီဥတုက သိပ်ပြီးတော့ပူပြင်းခဲ့တာနဲ့ကျွန်တော်လည်း အပူရှပ်သွားတာပါ၊ အခုကျွန်တော်ပြန်သက်သာနေပါပြီ၊ ကျွန်တော့်ကိုဝိုင်းဝန်းကူညီပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ကျေးဇူးတင်ပါတယ်ဗျာ” ဟုပြောကြားခဲ့သည်။ (Xinhua)

………………………………..
GLOBALink | Police officer faints in China’s Xinjiang, helped by passers-by

XINJIANG, July 12 (Xinhua) — A police officer suddenly fainted to the ground while directing traffic in Artux City in China’s Xinjiang.

A driver passing by got off his car and helped send the officer to hospital, together with other passers-by.
The officer, Ailyar Abulit, has recovered after treatment.

Artux in Kizilsu Kirgiz Autonomous Prefecture has been hit by a heat wave in recent days.
Temperatures hit up to 37 degrees Celsius, with the highest surface temperature in the city reaching 55 degrees Celsius.Produced by Xinhua Global Service