Connect with us

Media

ပေကျင်း ၂၀၂၂ အိုလံပစ်အားကစားပြိုင်ပွဲ အထိမ်းအမှတ် လာဘ်ကောင်လေးများ၏ ပုံရေခဲပန်းပုပုံတူ

ဟာအယ်ပင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)
ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်အပွဲ ဖွင့်ပွဲများအပြီးတွင် အားကစားပြိုင်ပွဲများ၏ တရားဝင် လာဘ်ကောင်ရုပ်လေးဖြစ်သည့် ပင်းသွန်းသွန်း အရုပ်လေးမှာ တရုတ်နိုင်ငံတစ်ဝန်းလုံးရှိစတိုးဆိုင်များတွင် ရောင်းမလောက်နိုင်အောင် အားကစားသမားများ၏ အားကစားပုံရိပ်များကဲ့သို့ဆွဲဆောင်နိုင်ခဲ့သည်။

ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲများ၏ အငွေ့အသက်များအားဖန်တီးသည့်အနေဖြင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ရှိ ဒီဇိုင်နာများသည် ပေကျင်း၂၀၂၂ အိုလံပစ်အားကစားပြိုင်ပွဲ ၏ လာဘ်ကောင်အရုပ်လေးများဖြစ်ကြသည့် ပင်းသွန်းသွန်းနှင့်ရွှယ်ရုန်ရုန်တို့ပုံတူနှင်းပန်းပု ကို ပြည်နယ်၏ မြို့တော်ဖြစ်သည့် ဟာအယ်ပင်း၌ ၃၄ ကြိမ်မြောက် ဟာအယ်ပင်း နေလုံးကျွန်း နိုင်ငံတကာနှင်းပန်းပုအနုပညာပြပွဲတွင် ထုဆစ်ပြသခဲ့သည်။

ပင်မ နှင်းပန်းပုရုပ်တုကြီးသည် အရှည် ၁၀၀ မီတာ ၊ အမြင့် ၃၀ မီတာ ခန့်ရှိကာ နှင်းထုကုဗမီတာပေါင်း ၂၇,၀၀၀ ခန့်အားအသုံးပြုထုလုပ်ထားပြီး ပရိသတ်များစွာကိုဆွဲဆောင်နိုင်ခဲ့သည်။ လာဘ်ကောင်အရုပ်လေးများအပေါ်ချစ်ခင်မှုများသည် တရုတ်နိုင်ငံသားများ၏ ဆောင်းရာသီအားကစားများအပေါ်ခုံမင်မှုတိုးပွားလာခြင်း၏ အမှတ်လက္ခဏာတစ်ခုဖြစ်လာခဲ့သည်။ (Xinhua)

……………………..
(English Version)
GLOBALink | Giant snow sculpture Bing Dwen Dwen in Harbin
HARBIN, Feb. 8 (Xinhua) — Days after the opening of the Beijing 2022 Olympic Winter Games, Bing Dwen Dwen, the Games’ official mascot, is as appealing to people as athletes’ performances, as figurines of the mascot are sold out in stores all over China.
To help create an atmosphere of the Olympic Winter Games, designers in northeast China’s Heilongjiang Province have built a snow sculpture featuring Beijing 2022 mascots Bing Dwen Dwen and Shuey Rhon Rhon at the 34th Harbin Sun Island International Snow Sculpture Art Exposition in Harbin, the provincial capital.
The main snow sculpture is about 100 meters long and 30 meters high, using 27,000 cubic meters of snow, and has widely attracted the audience’s attention. The fervor for the mascots epitomizes Chinese people’s increasing enthusiasm towards winter sports.
Produced by Xinhua Global Service■