Connect with us

Media

အီရန်နိုင်ငံက လက်နက်ဆန်းများဖြင့် လေ့ကျင့်ပစ်ခတ်မှု ပြုလုပ်

တီဟီရန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အိုမန်ပင်လယ်ပြင်၌ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှု၏ ဒုတိယနေ့ဖြစ်သည့် နိုဝင်ဘာ ၈ ရက်တွင် အီရန်နိုင်ငံက ပြည်တွင်းထုတ်ဒုံးကျည်များ၊ တော်ပီတိုများနှင့်မောင်းသူမဲ့တိုက်ခိုက်ရေးယာဉ်ပျံများ(UAVs)များ အသုံးပြုကာ  လေ့ကျင့်ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည်။

လေကြောင်းကာကွယ်ရေးတပ်ဖွဲ့၏အဆိုအရ လေ့ကျင့်ရေးတွင်အသုံးပြုသည့် ကင်းထောက်စနစ်များ၊ရေဒါစနစ်များ နှင့် အီလက်ထရောနစ်စစ်ပွဲသုံးစနစ်များ အပါအဝင် အသုံးပြုခဲ့သည့် စနစ်များအားလုံးသည် ကမ္ဘာ့အဆင့်မီဖြစ်ကြောင်းသိရသည်။

ကမ်းရိုးတန်းမှပင်လယ်ပြင်ရှိပစ်မှတ်များအားဖြိုခွင်းနိုင်သည့် surface-to-surface မြေပြင်မှမြေပြင်ပစ်ဒုံးကျည်စနစ် တွင် သင်္ဘောဖျက်ဒုံးကျည်များဖြစ်သည့် Ghader ၊ Nasr နှင့် Ghadir ဒုံးကျည်များပါဝင်သည်။

စစ်ရေးလေ့ကျင့်မှု၌ ထူးခြားချက်တစ်ခုမှာ arash suicide drone ဟုခေါ်သည့် ကြိုတင်ချိန်ရွယ်ထားသည့်ပစ်မှတ်များကိုအောင်မြင်စွာပစ်ခွင်းနိုင်သည့် drone များကိုအသုံးပြုထားခြင်းဖြစ်သည်။

Tareq နှင့် Ghadir-class အဆင့် ရေငုပ်သင်္ဘောများ မြေပြင်နှင့် ဝေဟင် မှ တော်ပီတိုအမျိုးအစားစုံဖြင့် ပစ်ခွင်းတိုက်ခိုက်ခံရသည့် လေ့ကျင့်မှုလည်းပါဝင်ခဲ့သည်။

Zolfaqar-1400 စစ်ရေးလေ့ကျင့်မှု၏အဓိကရည်ရွယ်ချက်မှာ အီရန်တပ်မတော်သားများနှင့် နည်းပညာဗဟုသုတရှိသည့်တပ်သားသစ်များရင်းနှီးကျွမ်းဝင်ကာပူးပေါင်းလုပ်ဆောင်နိုင်ရန်စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။ (Xinhua)