Connect with us

Media

ရှမ်းပြည်နယ်တောင်ပိုင်း၌ ကျင်းပသည့် အင်းသားအမျိုးသားနေ့

ညောင်ရွှေ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ကျောက်တိုင်ကွင်း၌ နိုဝင်ဘာ ၁၃ ရက်က အဋ္ဌမအကြိမ်မြောက် အင်းသားအမျိုးသားနေ့အား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းသားအမျိုးသားနေ့ကို ၁၃၇၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁) ရက် အင်းသားအမျိုးသားအားလုံး တက်ရောက်ခဲ့သည့် ညီလာခံတွင် အင်းတိုင်းရင်းသားများအားလုံး သဘောတူညီချက်ဖြင့် တန်ဆောင်မုန်းလဆန်း (၁) ရက်ကို အင်းသားအမျိုးသားနေ့အဖြစ် ဆုံးဖြတ်သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ (Xinhua)