Connect with us

Media

ယူကရိန်းနိုင်ငံ၏ ကောက်ပဲသီးနှံများကို ဘေးကင်းစွာတင်ပို့နိုင်ရေး တူရကီ၊ ရုရှား၊ ယူကရိန်း နှင့် ကုလသမဂ္ဂတို့ တွေ့ဆုံဆွေးနွေး

အစ္စတန်ဘူလ်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံမှ ဂျုံစေ့၊ ပြောင်းစေ့များ ကမ္ဘာ့ဈေးကွက်များသို့ ဘေးကင်းစွာ တင်ပို့နိုင်ရေးလမ်းကြောင်းများကို ရှာဖွေရန် တူရကီ၊ ရုရှားနှင့် ယူကရိန်း စသည့်နိုင်ငံများမှ စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့များနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့သည် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ဇူလိုင်လ ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တူရကီ ကာကွယ်ရေးဝန်ကြီးဌာန ၏ အဆိုအရ ကိုယ်စားလှယ်အဖွဲ့များသည် ယူကရိန်းဆိပ်ကမ်းများမှ နိုင်ငံတကာဈေးကွက်များသို့ ဂျုံစေ့၊ ပြောင်းစေ့များ လွှဲပြောင်းရန် ပင်လယ်နက်ပေါ်တွင် ဘေးကင်းသည့် စင်္ကြံတစ်ခုကို ဖန်တီးရန် အတူလုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆိုသည်။

ယူကရိန်းနိုင်ငံတွင် ကာလ ရှည်ကြာလာသည့် အကျပ်အတည်းကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုများဖြစ်ပွားပြီး ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဈေးနှုန်းသည် စိုးရိမ်ဖွယ် အဆမတန် ကြီးမြင့်လာသောကြောင့် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးမှု ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

အကယ်၍ သဘောတူညီချက် တစ်ခု ရရှိလာပါက ကမ္ဘာ့ အဓိက အစေ့အဆန်တင်ပို့သောနိုင်ငံ ဖြစ်သည့် ယူကရိန်းနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်း တန်ချိန်ပေါင်း သန်း ၂၀ ကျော်ကို တင်ပို့နိုင်မည်ဟု သတင်းထုတ်ပြန်ချက်များက ဆိုသည်။

တူရကီနိုင်ငံက ကာလရှည် ကြားဝင်ဖျန်ဖြေရေးအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ယူကရိန်းနိုင်ငံ မှ ဂျုံစေ့၊ ပြောင်းစေ့များကို တင်ပို့နိုင်မည့် ယန္တရားတစ်ခုကို တည်ထောင်နိုင် ရန်  နှင့် အစားအသောက် အကျပ်အတည်းကို ကာကွယ်ရန် လမ်းကြောင်းများကိုရှာဖွေလျက်ရှိသည်။

တူရကီနိုင်ငံက Bosphorus ရေလက်ကြားမှတစ်ဆင့် ပင်လယ်နက်သို့ ဖြတ်သန်းသွားမည့် အဝင်အထွက် ရေလမ်းကြောင်း ကို ထိန်းချုပ်ထားသည်။

သဘောတူညီချက်တစ်ခု ရရှိလာပါက “စောင့်ကြည့်လေ့လာရေးယန္တရား” အတွင်း ၎င်း၏ အခန်းကဏ္ဍကို လုပ်ဆောင်သွားရန်အဆင်သင့်ရှိနေကြောင်း ယူကရိန်းနှင့် ရုရှား စသည့်နှစ်နိုင်ငံစလုံးနှင့် ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်ထားသော တူရကီနိုင်ငံကဆိုသည်။ (Xinhua) https://fb.watch/efh19oNqHN/

………………………………..

(English Version)

GLOBALink | Turkey, Russia, Ukraine, UN to meet on safe export of Ukrainian grain

ISTANBUL, July 13 (Xinhua) — “Military delegations from Turkey, Russia, and Ukraine are expected to meet with a United Nations delegation in Istanbul today (Wednesday) to find ways to export Ukrainian grain safely to global markets.

According to the Turkish Defence Ministry, the delegations will work on creating a safe corridor on the Black Sea to transfer grain from Ukrainian ports to international markets.

The meeting comes at a time when global food prices have soared with growing concerns about food shortages due to the prolonged crisis in Ukraine.

Press reports said if a deal is reached, over 20 million tonnes of agricultural products will be exported from Ukraine, the world’s major grain supplier.

Turkey has long been playing a mediation role, seeking ways to establish a mechanism that allows Ukraine to export its grains and prevent a food crisis.”

Turkey controls maritime traffic to and from the Black Sea through its Bosphorus Strait.

Ankara, which has good relations with both Kiev and Moscow,  has said it is ready to take on a role within an “observation mechanism” if a deal is reached.