Connect with us

Media

Chang’e-8 လကမ္ဘာပေါ်သွားအာကာသယာဉ်မစ်ရှင်အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တရုတ်နိုင်ငံ ဖိတ်ခေါ်

ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်အမျိုးသားအာကာသ စီမံခန့်ခွဲရေးဌာန (CNSA) က ၂၀၂၈ ခုနှစ်ဝန်းကျင်တွင် လွှတ်တင်ရန် သတ်မှတ်ထားသော Chang’e-8 လကမ္ဘာစူးစမ်းလေ့လာရေးမစ်ရှင်တွင် တင်ဆောင်မည့် ကုန်ပစ္စည်းများအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းများ ကမ်းလှမ်းထားကြောင်း သိရသည်။

Chang’e-8 မစ်ရှင်သည် အဓိကရှာဖွေမှုများ ပိုမိုဆောင်ရွက်နိုင်ရန်အလို့ငှာ မစ်ရှင်၊ စနစ် သို့မဟုတ် စက်တစ်ခုချင်းစီ အဆင့်များ၌ ပူးပေါင်းဆောင်ရွက်ရေးအတွက် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အားလုံးကို လမ်းဖွင့်ထားကြောင်း အောက်တိုဘာ ၂ ရက် CNSA သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံ၏ လကမ္ဘာအာကာသယာဉ်၏ စတုတ္ထအဆင့်တွင် အဓိကလုပ်ငန်းတာဝန်တစ်ခုဖြစ်သော Chang’e-8 မစ်ရှင်သည် လမျက်နှာပြင် ဘူမိဗေဒရှာဖွေမှုနှင့် သုတေသနလုပ်ငန်းများ၊ ကမ္ဘာကြီး၏ လကမ္ဘာအခြေပြု စူးစမ်းလေ့လာမှုများ၊ လကမ္ဘာ မူလအစနမူနာ လေ့လာဆန်းစစ်မှုနှင့် အရင်းအမြစ်အသုံးပြုမှု၊ လမျက်နှာပြင်ပေါ်ရှိ ဂေဟစနစ်လက်တွေ့စမ်းသပ်မှု စသည်တို့အား ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း CNSA အရ သိရသည်။

Chang’e-8 နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် အဆိုပြုလွှာတင်သွင်းခြင်း နောက်ဆုံးရက်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ဖြစ်သည်။ ပဏာမနှင့် နောက်ဆုံး ရွေးချယ်မှုများကို လာမည့်နှစ် ဧပြီလနှင့် စက်တင်ဘာလတို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

Chang’e-8 သည် Chang’e-7 နှင့်အတူ လကမ္ဘာသုတေသနစခန်း အခြေခံပုံစံ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ Chang’e-7 အာကာသယာဉ်ကို လမျက်နှာပြင် တောင်ဘက်ဝင်ရိုးတွင် အရင်းအမြစ်စူးစမ်းရှာဖွေမှုအကောင်အထည်ဖော်ရန် ၂၀၂၆ ခုနှစ်ဝန်းကျင်၌ အာကာသအတွင်း လွှတ်တင်သွားမည်ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်ဝန်းကျင်၌ လမျက်နှာပြင် တစ်ဖက်စွန်းမှ နမူနာများ စုဆောင်းရန် Chang’e-6 အာကာသယာဉ်ကို လွှတ်တင်ရန် စီစဉ်ထားကြောင်း၊ negative ion detector နှင့် radon gas detector အပါအဝင် ပြင်သစ်၊ အီတလီ၊ ပါကစ္စတန်နှင့် ဥရောပအာကာသအေဂျင်စီမှ ကုန်ပစ္စည်းများ တင်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
China invites Chang’e-8 lunar probe mission global collaboration
BEIJING, Oct. 3 (Xinhua) — The China National Space Administration (CNSA) is offering opportunities for international cooperation on payloads that will piggyback on the country’s Chang’e-8 lunar exploration mission, slated for launch around 2028.
The Chang’e-8 mission is open to all countries and international organizations for collaboration at either mission, system or single-machine levels in order to encourage more major original discoveries, according to a CNSA release on Monday.
The Chang’e-8 mission, a key task in the fourth stage of China’s lunar probe, will carry out more lunar geological detection and research, lunar-based observations of Earth, lunar in-situ sampling analysis and resource use, as well as a small, closed terrestrial ecosystem experiment on the moon’s surface, according to the CNSA.
The deadline for submission of Chang’e-8 proposals for international cooperation is Dec. 31, 2023. The preliminary and final selections will be completed by April and September next year, respectively, as planned.
The Chang’e-8 will constitute, together with Chang’e-7, the basic model of a lunar research station. The Chang’e-7 probe is expected to be sent into space around 2026 to implement resource exploration of the lunar south pole.
China will, meanwhile, send the Chang’e-6 to the moon around 2024 to collect samples from its far side as planned, carrying payloads from France, Italy, Pakistan and the European Space Agency, which include a negative ion detector and a radon gas detector.