Connect with us

Media

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ထပ်မံယှဉ်ပြိုင်တော့မည်မဟုတ်ဟု မက်ကာသီပြော

ဝါရှင်တန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

အောက်တိုဘာ ၃ ရက်က အမေရိကန်အောက်လွှတ်တော်ရာထူးမှ ဖယ်ရှားခံရသော ကယ်ဗင် မက်ကာသီသည် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထပ်မံယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ရီပက်ဘလစ်ကန် လုပ်ဖော်ဆောင်ဖက်များကို ပြောကြားခဲ့သည်။

“ကျွန်တော် ဥက္ကဋ္ဌအဖြစ် ဝင်ပြိုင်တော့မှာမဟုတ်ပါဘူး။ ကျွန်တော်လည်း ရီပက်ဘလစ်ကန်တစ်ယောက်ကို ရွေးချယ်မှာပါ” ဟု မက်ကာသီက စက်တင်ဘာ ၃ ရက် ညပိုင်းက ရီပက်ဘလစ်ကန်ပါတီ ဥပဒေပြုအမတ်များ တံခါးပိတ်အစည်းအဝေးပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။

မက်ကာသီအား ဥက္ကဋ္ဌနေရာမှ ဖယ်ရှားရန် မကြုံဖူးသောအပြောင်းအလဲတစ်ရပ်ကို ရီပက်ဘလစ်ကန် ထိန်းချုပ်ထားသော အောက်လွှတ်တော်က အတည်ပြုခဲ့ပြီး နာရီပိုင်းအကြာ၌ ထိုသို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

မဲခွဲဆုံးဖြတ်မှုအရ ထောက်ခံမဲ ၂၁၆ မဲနှင့် ကန့်ကွက်မဲ ၂၁၀ ဖြင့် မက်ကာသီ၏ အချိန် ၉ လကြာ အောက်လွှတ်တော် ဥက္ကဋ္ဌတာဝန် အဆုံးသတ်ခဲ့ရသလို အမေရိကန်သမိုင်းတွင် အောက်လွှတ်တော် ဥက္ကဋ္ဌတစ်ဦးကို သက်တမ်းတစ်ဝက်အတွင်း မဲခွဲကာ ရာထူးမှုဖယ်ရှားခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

မက်ကာသီကို ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားရန် အဆိုပြုချက်ကို ရီပက်ဘလစ်ကန်အမတ် Matt Gaetz က တင်သွင်းခဲ့ပြီး တစ်ရက်ပင်မကြာသောအချိန်အတွင်း မက်ကာသီအား ဖြုတ်ချရေးအတွက် ဒီမိုကရက်တစ်များနှင့်အတူ ရီပက်ဘလစ်ကန်အမတ် ၈ ဦး ပါဝင်ခဲ့သည်။ (Xinhua)

…………………………….
(English Version)
McCarthy says not to run for U.S. House Speaker again
WASHINGTON, Oct. 3 (Xinhua) — Kevin McCarthy, who was unseated as U.S. House speaker on Tuesday, told Republican colleagues that he will not run for Speaker again.
“I will not run for speaker again. I’ll have the (Republican) conference pick somebody else,” McCarthy told reporters after a closed-door meeting with GOP lawmakers Tuesday night.
The remarks came just a few hours after the Republican-controlled House approved an unprecedented motion to oust McCarthy as Speaker.
The 216-210 vote ended McCarthy’s nine-month speakership, marking the first time in U.S. history that a House speaker has been voted out of office in the middle of a term.
Eight Republicans joined Democrats in removing McCarthy from the speakership, less than one day after hardline Republican Representative Matt Gaetz filed a resolution to remove McCarthy.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.