Connect with us

Media

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၂ လကျော် ကာလအတွင်း ပဲတီစိမ်း တန်ချိန် ၁၁၇,၀၀၀ ကျော်တင်ပို့နိုင်ခဲ့

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း ပဲတီစိမ်းတန်ချိန် ၁၁၇,၂၀၁ တန်ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဇွန် ၁၃ ရက်
ထုတ်ပြန်ချက်အရ သိရသည်။ ယင်းကာလအတွင်း မြန်မာနိုင်ငံမှ ပဲတီစိမ်းအပါအဝင် ပဲနှင့် ပဲမျိုးစုံ စုစုပေါင်းတန်ချိန် ၃၁၀,၅၇၃ တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)