Connect with us

Media

ဘင်္ဂလားဒေ့ရှ်နိုင်ငံက BRICS အဖွဲ့ဝင်ဖြစ်ရေးလျှောက်ထား

ဒါကာ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက စသည့် ထွန်းသစ်စနိုင်ငံ ၅ နိုင်ငံတို့၏ အမည်အတိုကောက်ဖြစ်သော BRICS အဖွဲ့သို့ ဝင်ရောက်ရန် တရားဝင် တောင်းဆိုလျှောက်ထားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့် တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa တို့ ဇွန် ၁၄ ရက်က ဂျီနီဗာမြို့၌ တွေ့ဆုံပြီးနောက် ထိုသို့လျှောက်ထားမှုပေါ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း Dhaka Tribune သတင်းစာက ဇွန် ၁၉ ရက်က သတင်းဖော်ပြခဲ့သည်။

ယခုနှစ် BRICS ထိပ်သီးအစည်းအဝေးကို တောင်အာဖရိကနိုင်ငံတွင် ဩဂုတ်လ၌ ကျင်းပရန်လျာထားပြီး အဖွဲ့ဝင်သစ်လျှောက်ထားမှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပါဝင်မည်ဖြစ်ကြောင်း သတင်းစာက ဖော်ပြထားသည်။ (Xinhua)

…………………………………
(English Version)
Bangladesh seeks BRICS membership: media
DHAKA, June 20 (Xinhua) — Bangladesh has formally requested to join BRICS, an acronym of five major emerging economies, Brazil, Russia, India, China and South Africa.
The request was put forward following a meeting between Bangladeshi Prime Minister Sheikh Hasina and South African President Cyril Ramaphosa in Geneva last Wednesday, Bangladeshi newspaper Dhaka Tribune reported Monday.
This year’s BRICS summit, scheduled to take place in South Africa in August, might include discussions about new membership, according to media.
Photo: Aerial photo taken on Dec. 17, 2020 shows the headquarters building of BRICS New Development Bank (NDB) in east China’s Shanghai. (Xinhua/Fang Zhe)