Connect with us

Media

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ မြေပြိုမှု ဖြစ်ပွားပြီး လူ ၃ ဦး သေဆုံးကာ လူပေါင်းရာနှင့်ချီ၍ နေရာပြောင်းရွှေ့

ဂျကာတာ ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ ဒေသန္တရအာဏာပိုင်များက ဇူလိုင် ၇ ရက်တွင် Lumajang နယ်မြေ၌ ရေကြီးရေလျှံမှု နှင့် မြေပြိုမှုတို့ ဖြစ်ပွားပြီးနောက် အရေးပေါ်အခြေအနေ သတ်မှတ်ခဲ့ကြောင်း သိရသည်။

ယင်းအရေးပေါ်အခြေအနေသည် ဘေးဒဏ်သင့်နေရာများတွင် တုန့်ပြန်မှုများ အရှိန်မြှင့်လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်သက်သာလျော့ပါးရေးအေဂျင်စီစင်တာက ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။ Semeru မီးတောင်အနီးနားမှ စိမ့်ထွက်လာသည့် ချော်ရည်အေးများ လိမ့်ဝင်လာခြင်းကြောင့် တံတား ၆ စင်း ကျိုးပဲ့ပျက်စီးကာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း ၊ ရေကြီးမှု နှင့် မြေပြိုမှုကြောင့် လူ ၅၀၀ ကျော်သည် ယာယီတဲများတွင် ခိုလှုံနေထိုင်နေရကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
3 dead, hundreds displaced after landslide hits East Java, Indonesia
Local authority in East Java, Indonesia has set an emergency status following the flood and landslide hit Lumajang Regency on Friday.
National Disaster Mitigation Agency Center on Saturday said the emergency status aimed to accelerate the response in affected locations. According to the agency, three people died and six bridges were broken due to the flood of cold lava runoff from its nearby volcano, Mount Semeru. The flood and landslide also forced more than 500 people to take refuge in the shelters.
Xinhua News Agency correspondents reporting from Jakarta.(XHTV)