Connect with us

Media

တရုတ်နိုင်ငံက စပါးစိုက်ပျိုးသည့်နည်းပညာကို မြန်မာတောင်သူများထံသို့ မျှဝေ

ရန်ကုန်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်အတူ ပူးပေါင်း၍ ဒေသခံတောင်သူလယ်သမားများအတွက် အသိပညာဝေမျှသည့် ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာမျှဝေပွဲကို ရန်ကုန်တိုင်းဒေသကြီးရှိ စိုက်ပျိုးရေးဦးစီးဌာန၏ စံပြလယ်ယာစိုက်ခင်းတွင် ဩဂုတ် ၈ ရက်က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးအလေ့အထများကို အဆင့်မြှင့်တင်၍ သီးနှံထွက်နှုန်းတိုးမြှင့်ရေးနှင့် စိမ်းလန်းစိုပြည်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ယင်းပွဲကို စီစဉ်သူများက ပြောကြားခဲ့သည်။

ရန်ကုန်မြို့စွန်ရှိ ဧက ၃၀ မိုးစပါးစံပြစိုက်ခင်းတွင် ကျင်းပသည့် အခမ်းအနားသို့ တောင်သူ ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)