Connect with us

Media

မော်စကိုသို့ တိုက်ခိုက်သည့် ဒရုန်းယာဉ် ၃ စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

မော်စကို၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

မော်စကိုအား တိုက်ခိုက်သည့် ယူကရိန်း ဒရုန်းယာဉ် ၃ စင်းကို ရုရှားစစ်တပ်က ဖျက်ဆီးနိုင်ခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် လူသေဆုံး ဒဏ်ရာရမှု မရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အချင်းဖြစ်ပွားသည့်နေ့ ဩဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် ယူကရိန်းဘက်က ဒရုန်းယာဉ် ၃ စင်းဖြင့် မော်စကိုအား တိုက်ခိုက်ခဲ့ရာ ၎င်းတို့အနက် ဒရုန်းယာဉ် ၂ စင်း ကို မော်စကိုပြည်နယ် Mozhaysk နှင့် Khimki ခရိုင် ဝေဟင်တွင် လေကြောင်းရန်ကာကွယ်ရေးစနစ်က ဖျက်ဆီးခဲ့ကြောင်း၊ ကျန်တစ်စင်းကို အီလက်ထရောနစ်စနစ်ဖြင့် ဖိနှိပ်ခဲ့ရာ အထိန်းအကွပ်မဲ့ပြီး မော်စကိုမြို့ရှိ ဆောက်လက်စ အဆောက်အဦတစ်ခုအား တိုက်မိခဲ့ကြောင်း ၊ အချင်းဖြစ်ပွားမှုကြောင့် လူသေဆုံး ဒဏ်ရာရမှု မရှိခဲ့ကြောင်း မော်စကို ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့တွင် လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြခဲ့သည်။

အချင်းဖြစ်ပွားသည့်နေ့ နံနက်ပိုင်းက မောင်းသူမဲ့ ဒရုန်းယာဉ်တစ်စင်းက မော်စကိုမြို့ရှိ ဆောက်လက်စ အဆောက်အဦအား တိုက်မိမှု ဖြစ်ပွားခဲ့ရာ အဆောက်အဦ အနည်းငယ်ပျက်စီးခဲ့ပြီး အနီးရှိ ငါးထပ် အဆောက်အဦနှစ်ခု၏ ပြတင်းပေါက်များ ပျက်စီးခဲ့ကြောင်း မော်စကိုမြို့တော်ဝန် Sergey Sobyanin က လူမှုကွန်ရက် စာမျက်နှာတွင် အတည်ပြုဖော်ပြထားသည်။ ကနဦးသတင်းများအရ အချင်းဖြစ်ရပ်ကြောင့် ဒဏ်ရာရမှုမရှိခဲ့ကြောင်း သိရသည်။

မော်စကိုရှိ Sheremetyevo၊ Vnukovo၊ Domodedovo နှင့် Zhukovsky လေဆိပ်များ ယာယီ ပိတ်ထားခဲ့ပြီးနောက် ပုံမှန် ပြန်လည် လည်ပတ်ခဲ့ကြောင်း ရုရှား အရေးပေါ်ရေးရာဌာန၏ သတင်းများကို ကိုးကား၍ TASS သတင်းဌာနက ဖော်ပြထားသည်။ (Xinhua)

…………………………..
(Chinese Version)
俄国防部:挫败乌方对莫斯科3架无人机袭击
新华社莫斯科8月23日电俄罗斯国防部23日表示,俄军方当天挫败了乌克兰方面使用3架无人机对莫斯科发动的袭击,事件未造成人员伤亡。
俄国防部当天在社交媒体上发布消息说,23日凌晨乌方使用3架无人机袭击莫斯科,其中两架在莫斯科州莫扎伊斯克区和希姆基区上空被防空系统击毁,第三架无人机被电子压制后失去控制,撞上莫斯科市一栋在建大楼,没有造成人员伤亡。
莫斯科市市长索比亚宁在社交媒体上发文证实,当天凌晨一架无人机与莫斯科市一栋在建大楼相撞,大楼轻微受损,相邻两栋五层建筑的窗户破损。初步信息显示,事件没有造成人员受伤。
另据塔斯社援引俄紧急情况部门的消息报道,莫斯科谢列梅捷沃、伏努科沃、多莫杰多沃和茹科夫斯基机场短暂关闭后已恢复运行。(完)