Connect with us

Media

ဆူဒန်အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ Port Sudan မြို့သို့ ရောက်ရှိလာ

ခါတွန်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ဆူဒန်စစ်တပ် (SAF) ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ် ဖာတာ အယ်လ်-ဘာဟန် Abdel Fattah Al-Burhan သည် ဩဂုတ် ၂၇ ရက်က နိုင်ငံ အရှေ့ပိုင်း Red Sea ပြည်နယ် မြို့တော် Port Sudan တွင် အများပြည်သူ့ရှေ့၌ ရှားရှားပါးပါးပေါ်ထွက်လာခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးကောင်စီ ပြန်ကြားရေးရုံးမှ ထုတ်ပြန်သော Port Sudan မြို့သို့ ရောက်ရှိလာသည့် အယ်-ဘာဟန်၏ ဓာတ်ပုံများတွင် “အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဆူဒန်စစ်တပ် ဗိုလ်ချုပ်ကြီး Port Sudan မြို့သို့ ရောက်ရှိလာခြင်း” ဟူသော စာတန်းထိုး၌ ဖော်ပြခဲ့သည်။

အယ်လ်-ဘာဟန်သည် ဧပြီလလယ်ပိုင်းက တိုက်ပွဲများဖြစ်ပွားချိန်မှစ၍ SAF အထွေထွေကွပ်ကဲရေးဌာနချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန အပြင်ဘက်သို့ ဩဂုတ် ၂၄ ရက်က ပထမဆုံးထွက်လာခဲ့ပြီး မြို့တော် ခါတွမ် မြောက်ဘက် Omdurman မြို့ရှိ တပ်စခန်းများအား စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆူဒန်နိုင်ငံသည် ဧပြီ ၁၅ ရက်မှစ၍ ခါတွန်မြို့နှင့် အခြားဒေသများတွင် SAF နှင့် Rapid Support Forces (RSF) ကြား ကြောက်မက်ဖွယ်တိုက်ခိုက်မှုများဖြစ်ပွားပြီး လူအရေအတွက် ၃,၀၀၀ ကျော် သေဆုံးကာ ၆,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။ (Xinhua)

……………………………..
(English Version)
Chairman of Sudan’s sovereign council arrives in Port Sudan
KHARTOUM, Aug. 27 (Xinhua) — Chairman of Sudan’s Sovereign Council and General Commander of the Sudanese Armed Forces (SAF), Abdel Fattah Al-Burhan, on Sunday made a rare public appearance in Port Sudan, the capital city of the Red Sea State in eastern Sudan.
The press office of the sovereign council published photos of Al-Burhan’s arrival in Port Sudan, with captions saying “The arrival of the President of the Sovereign Council, Commander of the (Sudanese) Armed Forces, to Port Sudan city.”
On Aug. 24, Al-Burhan showed up for the first time outside the headquarters of the SAF’s General Command and the Ministry of Defense since the war broke out in mid-April, where he inspected the army’s outposts in the city of Omdurman, north of the capital Khartoum.
Sudan has been witnessing deadly armed clashes between the SAF and the paramilitary Rapid Support Forces (RSF) in Khartoum and other areas since April 15, which left over 3,000 people killed and more than 6,000 injured, according to the Sudanese Health Ministry.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.