Connect with us

Media

အီရတ်နိုင်ငံမြောက်ပိုင်း မီးလောင်မှုအတွင်း ၁၁၄ ဦး သေဆုံး ၊ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိ

ဘဂ္ဂဒက် ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြောက်ပိုင်း Nineveh ပြည်နယ် al-Hamdaniya မြို့တွင် မင်္ဂလာခန်းမကြီးအတွင်း မီးလောင်မှုကြောင့် လူပေါင်း ၁၁၄ ဦး သေဆုံးကာ အခြားသူ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း Nineveh ပြည်နယ် အုပ်ချုပ်ရေးမှူး Najm al-Jubouri က သတင်းထောက်များကို စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ယင်းမီးလောင်မှုသည် ပြည်နယ်မြို့တော် Mosul ၏ အရှေ့တောင်ဘက် ၃၅ ကီလိုမီတာအကွာရှိ al-Hamdaniya မြို့ရှိ al-Haytham မင်္ဂလာခန်းမ၌ စက်တင်ဘာ ၂၆ ရက်ညပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု အီရတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် Iraqi News Agency (INA) က သတင်းဖော်ပြထားသည်။

ကနဦးသတင်းများအရ အခမ်းအနားအတွင်း မီးရှူးမီးပန်းများ အသုံးပြုခဲ့ပြီး ယင်းမီးရှူးမီးပန်းများက မီးလောင်မှု ဖြစ်စေခဲ့သည်ဟု ဆိုသည်။ (Xinhua)

………………………………………
(English Version)
114 killed, more than 200 wounded in northern Iraq fire
Up to 114 people were killed and more than 200 injured in a huge wedding hall fire in the town of al-Hamdaniya in Iraq’s northern province of Nineveh, Governor of Nineveh Najm al-Jubouri told reporters on Wednesday.
The fire broke out on Tuesday night in the al-Haytham Wedding Hall in the town of al-Hamdaniya, 35 km southeast of the provincial capital Mosul, the official Iraqi News Agency (INA) quoted the Iraqi Civil Defense as saying earlier.
It said that initial reports indicated that fireworks were used during the celebration, which may have caused the fire.
Xinhua News Agency correspondents reporting from Baghdad.(XHTV)