Connect with us

Media

တရုတ်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အမေရိကန်ကုမ္ပဏီများကို တရုတ်ကြိုဆို

ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဟင်နရီ ပေါ်လ်ဆင်နှင့် ပေကျင်းမြို့တွင် စက်တင်ဘာ ၂၆ ရက်က တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံကာ စီးပွားရေးလုပ်ဆောင်၍ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေခံစားရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယနေ့ခေတ်ကမ္ဘာကြီးတွင် အရေးပါဆုံး နှစ်နိုင်ငံဆက်ဆံရေးဖြစ်ကြောင်း၊ အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံနှင့် အကြီးဆုံးဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သော အဆိုပါ နှစ်နိုင်ငံအနေဖြင့် နယ်ပယ်အားလုံးတွင် အပြန်အလှန်အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်ရေး အတူတကွ ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းသွားရမည် ဖြစ်ကြောင်း ဟန်က ပြောခဲ့သည်။

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးကို ကိုင်တွယ်ရာတွင် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် နှစ်နိုင်ငံ အပြန်အလှန်အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များကို အစဉ်အမြဲလိုက်နာလျက်ရှိသည်ဟု ဟန်က ဆိုသည်။ အမေရိကန်အနေဖြင့် တရုတ်နှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးကို အားကောင်း ခိုင်မာစွာ တိုးတက်လာစေမည့် လမ်းကြောင်းဆီသို့ ပြန်လည်ရောက်ရှိရန် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်ဆန်းပိုင်းမှစ၍ ယေဘူယျအားဖြင့် ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးတည်ဆောက်မှုပုံစံများကို ဆက်လက်ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒ နက်ရှိုင်းမှုရှိစေရန်နှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟန်က ပြောခဲ့သည်။

“အမေရိကန် ကုမ္ပဏီတွေ တရုတ်နိုင်ငံမှာ ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ဆောင်ကာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေ အတူတကွမျှဝေခံစားနိုင်ဖို့ ကြိုဆိုပါတယ်” ဟု ဟန်က ဖြည့်စွက်ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဟင်နရီ ပေါ်လ်ဆင်ကလည်း တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှု အလားအလာကို ယုံကြည်မှုရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။ အမေရိကန်-တရုတ် ဆက်ဆံရေးသည် ကမ္ဘာကြီးပေါ် အရေးပါသော သက်ရောက်မှုရှိသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ နှစ်နိုင်ငံအနေဖြင့် ဆက်သွယ်မှုနှင့် ဆွေးနွေးမှုကို ထိန်းသိမ်းသင့်သလို ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများ၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားသင့်ကြောင်း၊ ရာသီဥတုပြောင်းလဲခြင်းကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်စွာပူးတွဲဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China welcomes more U.S. companies to invest in China
BEIJING, Sept. 26 (Xinhua) — Chinese Vice President Han Zheng Tuesday met with former U.S. Treasury Secretary Henry Paulson in Beijing, saying China welcomes more U.S. companies to invest and do business in China to share development opportunities.
Noting China-U.S. relations are the most important bilateral relations in the world today, Han said the two countries, one being the biggest developing country and the other the biggest developed country, should enhance mutually beneficial cooperation in all areas, push forward the world’s economic recovery together, and address global challenges.
Han said China always follows the guiding principles of mutual respect, peaceful coexistence, and win-win cooperation in dealing with relations with the United States. It is hoped that the U.S. side could work with China to bring the bilateral ties back to the track of sound and steady growth.