Connect with us

Media

ကင်မရွန်းနိုင်ငံက ထောက်ပံ့ပေးပို့မှုပြတ်တောက်ချိန်တွင် လောင်စာဆီရှားပါးမှုနှင့် ကြုံတွေ့နေရ

ယာအွန်ဒီ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ကင်မရွန်းနိုင်ငံက ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်ချိန်တွင် မြို့တော် ယာအွန်ဒီ အပါအဝင် မြို့ကြီး ၃ မြို့တွင် အဆင့်မြင့်လောင်စာဆီ ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း ရေအရင်းအမြစ်နှင့်စွမ်းအင်ဝန်ကြီး Gaston Eloundou Essomba ၏ ပြောကြားချက်အရ သိရသည်။

ယင်းအခြေအနေမှာ ပြီးခဲ့သည့်ရက်ပိုင်းကတည်းက ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ၎င်းက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“ဒီလိုပြတ်တောက်ရတာက အဓိကတော့ ရာသီဥတုနဲ့ ပင်လယ်ပြင်အခြေအနေတွေ မကောင်းတာကြောင့် လောင်စာဆီသယ်ဆောင်လာတဲ့ သင်္ဘောသုံးစင်း ရောက်လာဖို့ လေးရက်လောက် နောက်ကျတာကြောင့် ဖြစ်ပါတယ်” ဟု ဝန်ကြီး Gaston Eloundou Essomba က ပြောကြားခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်လည်ပတ်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

\…………………………..
(English Version)
Cameroon faces fuel scarcity amid supply disruption: minister
Cameroon is facing scarcity of super fuel in three main cities including the capital Yaounde amid supply chain disruptions, according to the country’s Minister of Water Resources and Energy, Gaston Eloundou Essomba.
Essomba said in a statement made public Monday that the situation has been going on “in the past few days.”
“This disruption is mainly due to a delay in the arrival of three vessels transporting the said product caused by unfavorable weather and sea conditions which interrupted the ship-to-ship loading of these vessels for four days,” Essomba said. “It is expected that supplies will return to normal operation by Tuesday.”
Xinhua News Agency correspondents reporting from Yaounde.(XHTV)