Connect with us

Media

ပင်လယ်နက်အတွင်း မိုင်းရှင်းလင်းရန် တူရကီ၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား သဘောတူလက်မှတ်ရေးထိုး

အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တူရကီ၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား စသည့်နိုင်ငံများက ပင်လယ်နက်အတွင်း ရေမြှုပ်မိုင်းများ ခြိမ်းခြောက်မှုအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် ပူးတွဲစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်အား ဇန်နဝါရီ ၁၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်ကို တူရကီနိုင်ငံ ကာကွယ်ရေးဝန်ကြီး Yasar Guler ၊ ရိုမေးနီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Angel Tilvar နှင့် ဘူလ်ဂေးရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Atanas Zapryanov တို့က အစ္စတန်ဘူလ်မြို့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

သဘောတူညီချက်အရ သုံးနိုင်ငံ ရေတပ်များအနေဖြင့် ပင်လယ်နက်အတွင်း လုံခြုံရေးနှင့် တည်ငြိမ်းရေးကို ခြိမ်းခြောက်နေသော ပေါက်ကွဲစေသည့်ကိရိယာများအား ရှင်းလင်းရန် မိုင်းရှင်းလင်းရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီး Guler က လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ မိုင်းအန္တရာယ်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သော ယူကရိန်း-ရုရှား ပဋိပက္ခ၏ အကျိုးဆက်အဖြစ် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း Guler က ဆိုသည်။ ထိုကိစ္စရပ်အား လျင်မြန်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့သည်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့သော သုံးနိုင်ငံကိုယ်စားလှယ်အဖွဲ့၏ ပူးတွဲအားထုတ်မှုများဖြစ်ကြောင်း ၎င်းက အလေးထားပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Türkiye, Romania, Bulgaria sign deal to clear mines in Black Sea
Türkiye, Romania, and Bulgaria signed Thursday a memorandum of understanding on a joint plan to address the threat of floating mines in the Black Sea.
The deal was signed by Turkish Defense Minister Yasar Guler, his Romanian counterpart Angel Tilvar, and Bulgarian Deputy Defense Minister Atanas Zapryanov in Istanbul.
At the signing ceremony, Guler said under the agreement, the three countries’ navies will form a Mine Countermeasures Task Group to clear the explosives that threaten security and stability in the Black Sea.
Guler highlighted the mine threat as a consequence of the Ukraine-Russia crisis that erupted in February 2022. He emphasized the joint efforts of the three countries’ delegations, which began in September 2023, to swiftly tackle this issue.