Connect with us

Media

မြန်မာနိုင်ငံရှိ တရုတ်စာအုပ်အရောင်းဆိုင်များက တရုတ်ဘာသာစကားလေ့လာမှုကို အဆင်ပြေချောမွေ့စေ

ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ တရုတ်စာအုပ်အရောင်းဆိုင်များတွင် တရုတ်စာလေ့လာရေးအတွက် အမျိုးအစားစုံလင်စွာ လွယ်လင့်တကူရရှိနိုင်ပြီဖြစ်သဖြင့် တရုတ်ဘာသာစကားလေ့လာသူများအနေဖြင့် ဘာသာစကားလေ့လာရာ၌ ပိုမိုအဆင်ပြေချောမွေ့လာကြောင်း ရန်ကုန်မြို့ရှိ တရုတ်ဘာသာ စာအုပ်ရောင်းချသည့် အရောင်းဆိုင်များမှ တာဝန်ရှိသူများက ဆင်ဟွာသို့ ပြောကြားသည်။ ကုမ္ပဏီများအနေဖြင့်လည်း တရုတ်ဘာသာစကားတတ်ကျွမ်းသူများကို လခကောင်းများဖြင့် အလုပ်ကမ်းလှမ်းလာခြင်းကလည်း ပြည်တွင်းမှာ တရုတ်စာလေ့လာသူများပြားလာစေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း စာအုပ်ဆိုင်ဖွင့်လှစ်ထားသူများက ဆိုသည်။ အလုပ်အကိုင်အခွင့်အလမ်း၊ နယ်စပ်ကုန်သွယ်မှု၊ ခရီးသွားလာမှု စသည်တို့၌ ပိုမိုအထောက်အကူပြုသည့်အတွက် တရုတ်ဘာသာစကားလေ့လာသူ များပြားလာရခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ (Xinhua)