Connect with us

Media

မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့ရှိ အမွှေးတိုင်လုပ်ငန်း

အောင်လံ၊ မေ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် အမွှေးတိုင်လုပ်ငန်းများမှာ အရင်းအနှီး၊ ကုန်ကြမ်းဈေး မြင့်တက်မှုရှိပြီး ရောင်းအားကျဆင်းနေခြင်းကြောင့် လုပ်ငန်းအချို့ရပ်နားထားရကြောင်း အမွှေးတိုင်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
အမွှေးတိုင်လုပ်ငန်းတွင် အဓိကအသုံးပြုသော ဝါးတိုင်ကို တွံတေးမြို့နယ် ကံပဲ့ကျေးရွာက မှာယူရကာ ဝါးတိုင် ၅၀ သားပါတစ်စည်းလျှင် ယခင်က ငွေကျပ် ၄၀၀ မှ ယခု ၁,၁၀၀ ကျပ် ပေးရပြီး အုံတုံအမှုန်ကလည်း ယခင် ၃၁ ပိသာ ပါ တစ်အိတ်ကို ၃၆,၀၀၀ ကျပ်ရှိရာမှ ယခု ၁၃၀,၀၀၀ ကျပ် ရှိကြောင်း၊ အမွှေးတိုင်ဆိုးဆေးအနေဖြင့်လည်း ယခင်က တစ်ပေါင် ၄၀၀၀ ကျပ်ရှိရာမှ ယခု ၃၅, ၀၀၀ ကျပ် ရှိပြီး ရေမွှေးဈေးနှုန်းများမှာ တစ်ကီလိုဂရမ်လျှင် ယခင် ၄,၀၀၀ ကျပ်မှ ယခု ၃၅,၀၀၀ ကျပ် ရှိကြောင်းသိရသည်။
ထို့ပြင် အမွှေးတိုင်တစ်ထုပ်လျှင် ယခင်က ကျပ် ၁၂၀ ခန့်ရှိခဲ့သော်လည်း ယခုအခါတွင်မူ ကျပ် ၄၀၀ ခန့်ရှိလာကြောင်း အမွှေးတိုင်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ (Xinhua)