Connect with us

Media

အပူလှိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံရှိ တက္ကစီယာဉ်မောင်းများ၏ ဝင်ငွေ ထိခိုက်

ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ဒေသအတော်များများတွင် ပူပြင်းသည့် အပူလှိုင်းဒဏ်ကြောင့် ပြည်သူများ၏ နေ့စဉ်ဘဝတွေကို သိသိသာသာ ထိခိုက်ခဲ့ပြီး အထူးသဖြင့် အငှားတက္ကစီယာဉ်မောင်းများ၏
အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ထိခိုက်စေခဲ့သည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်သော သတင်းများအရ နိုင်ငံတစ်ဝန်းတွင် မကြာသေးမီ ရက်ပိုင်းအတွင်း အပူချိန် ၄၀ ဒီဂရီ ဒီဂရီ ဆဲလ်စီးယပ် ကျော်လွန်ခဲ့ကြောင်း သိရသည်။ အပူချိန် မြင့်တက်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် မိမိတို့၏ ကျန်းမာရေးကို ဂရုစိုက်ရန်၊ အပူလွန်ကဲနေချိန်တွင် ဘေးကင်းစေရန်နှင့် အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု နည်းပါးစေရန်အတွက် လိုအပ်သော ကြိုတင်သတိထားမှုများ ထားရှိရန် ကျန်းမာရေးဝန်ကြီးဌာနမှလည်း လမ်းညွှန်ချက်များ ထုတ်ပြန်ထား
သည်။ ရန်ကုန်မြို့တွင် မကြာသေးမီရက်များက အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်အထက်သို့ ရောက်ရှိခဲ့ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။ မန္တလေးမြို့တွင် အငှားဆိုင်ကယ်ကယ်ရီ မောင်းနှင်သူများသည်လည်း အပူချိန် မြင့်တက်မှုကြောင့် ပုံမှန် ဝင်ငွေ၏ ထက်ဝက်ခန့်အထိ လျော့ကျသွားကြကြောင်း ဆင်ဟွာသို့ ပြောကြားကြသည်။ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးမြို့တွင် မော်တော်ယာဉ်မောင်းနှင်သူများနှင့် နှိုင်းယှဉ်ပါက ဆိုင်ကယ်စီးသူဦးရေ ပိုများကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီးသည် ဧပြီလ ၂၈ ရက်တွင် အပူချိန် ၄၄ ဒသမ ၈ ဒီဂရီ ဆဲလ်စီးယပ် အထိရှိခဲ့ပြီး နှစ်ပေါင်း ၇၇ နှစ်အတွင်း ဧပြီလ၏ အပူဆုံးနေ့ ဖြစ်ခဲ့သည်။ မန္တလေးမြို့တွင် ဧပြီလအတွင်း အပူလှိုင်းဒဏ်ကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.