Connect with us

Media

မြန်မာနိုင်ငံ အောင်လံမြို့ရှိ ရှင်လရောင် (ရင်ခွင်မဲ့) ပရဟိတ သီလရှင်ကျောင်းတွင် စွန့်ပစ်ကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးနေ

အောင်လံ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့ မန်ကျည်းကုန်းရပ်ကွက်ရှိ ရှင်လရောင် (ရင်ခွင်မဲ့) ပရဟိတ သီလရှင်ကျောင်းတွင် လသားအရွယ် စွန့်ပစ်ကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း ပရဟိတသီလရှင်ကျောင်းမှ သိရသည်။
အဆိုပါ ကျောင်းကို ၂၀၁၈ ခုနှစ်က စတင်တည်ထောင်ခဲ့ရာ မိဘမဲ့နှင့် မိသားစုအခက်အခဲကြောင့် စွန့်ပစ်ခံရသော အမျိုးသမီးငယ်များကိုလည်း လက်ခံစောင့်ရှောက်ပေးနေခြင်းဖြစ်သည်။
ရှင်လရောင် (ရင်ခွင်မဲ့) ပရဟိတ သီလရှင်ကျောင်းတွင် လသားအရွယ် ကလေးငယ်များ အပါအဝင် မိဘမဲ့ကလေး ၁၅ ဦးကို ကျွေးမွေးပြုစုစောင့်ရှောက်ထားပြီး နေ့စဉ်အလှူရှင်များ လိုအပ်နေသော်ငြားလည်း မိဘမဲ့ စွန့်ပစ်ကလေးငယ်များကို စနစ်တကျ ထိန်းသိမ်းပြုစုစောင့်ရှောက်ပေးထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117