Media
နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များစွာ ခင်းကျင်းပြသထားရှိရာ အမျိုးသားပြတိုက် (ရန်ကုန်) သို့ လာရောက် လေ့လာကြသည့် လူငယ်များနှင့် ပြည်သူများ
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)
နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ် များစွာကို ခင်းကျင်းပြသထားသည့်အတွက် လူငယ်များအနေဖြင့် နိုင်ငံကို ချစ်မြတ်နိုးစိတ်နှင့် ယဉ်ကျေးမှုအမွေအနှစ်ကို တန်ဖိုးထားတတ်စေမှာ ဖြစ်ကြောင်း အမျိုးသားပြတိုက် (ရန်ကုန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိလေးက ဆင်ဟွာသို့ပြောသည်။အမျိုးသားပြတိုက် (ရန်ကုန်) သို့ လာရောက်လေ့လာကြသည့် လူငယ်များနှင့် ပြည်သူများကို မေ ၁၈ ရက်က ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။
၂၀၂၆ ခုနှစ် မေလ ၁၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (International Museum Day) ဖြစ်သည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့အတွက် ဆောင်ပုဒ်အား “Museums Uniting a Divided World” (ကွဲလွဲမှုများပြားနေသော ကမ္ဘာကြီးကို စည်းလုံးစေမည့် ပြတိုက်များ) ဟု သတ်မှတ်ထားပါသည်။
ပြတိုက်များသည် အတိတ်ကာလမှ အဖိုးတန်အမွေအနှစ်များကို စုဆောင်းသိမ်းဆည်း ထိန်းသိမ်းပြသရုံသာမက ကွဲပြားခြားနား
နေသော လူသားမျိုးနွယ်များအကြား နားလည်မှုနှင့် ပေါင်းစည်းမှုကို တည်ဆောက်ပေးရာ ဗဟိုချက်များဖြစ်ကြသည်။
သမိုင်း၊ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ အနှစ်သာရများကို မျိုးဆက်သစ် လူငယ်များအနေဖြင့် ခေတ်စနစ်နှင့်အညီ လေ့လာသင်ယူပြီး အနာဂတ်ဘဝများ ပိုမိုငြိမ်းချမ်းစွာ တည်ဆောက်နိုင်ကြစေရန်နှင့် မတူကွဲပြားခြားနားသော နေရာအသီးသီး၊ လူမျိုးစုအသီးသီးတို့၏ စုဆောင်းထိန်းသိမ်း ပြသထားသော ဒြပ်ရှိ၊ ဒြပ်မဲ့အမွေအနှစ်ပစ္စည်းများကို လေ့လာကြည့်ရှုခြင်းဖြင့် ထိုပစ္စည်းများ၏ လှုံ့ဆော်မှုစွမ်းအားကြောင့် အတွေးအခေါ်၊ အသိအမြင်ဗဟုသုတ တိုးပွားစေပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ထက်သန်စေမည့် အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ကြောင်း သုံးသပ်ဖော်ပြကြသည်။ (Xinhua)
