Connect with us

Photos

ထိုင်းနိုင်ငံရှိ ဂူအတွင်း ပိတ်မိနေသော ယောကျ်ားလေးများအနက် ၈ ဦးမြောက်ထိ ကယ်ဆယ်နိုင်

ချင်းရိုင်၊ ထိုင်း၊ ဇူလိုင် ၁ဝ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဂူအတွင်း လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်ကျော်ကတည်းက ပိတ်မိနေခဲ့သော လူငယ်ဘောလုံးအသင်း ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြတစ်ဦးတို့အနက် ၈ ဦးမြောက်အထိ ကယ်ဆယ်နိုင်ပြီး ဂူပြင်သို့ရောက်လာကြပြီဖြစ်ကြောင်း သိရသည်။

ဂူအနီးတွင် ရှိနေသည့် အဆိုပါမျက်မြင်တွေ့ရှိသူက ဆေးရုံကားနှစ်စီး ဂူနားမှ ထွက်ခွာသွားကြောင်း ပြောခဲ့သည်။

ရဟတ်ယာဉ်များလည်း ဂူအနီးရှိ မီဒီယာစင်တာအထက် ကောင်းကင်ယံမှ ချင်းရိုင်မြို့ဘက်သို့ပျံသန်းသွားကြကြောင်းဆိုသည်။။

ဇူလိုင်လ ၂၃ ရက်ကတည်းက ဂူအတွင်း ရေလွှမ်းမိုးမှုကြောင့် ပိတ်မိနေသူများကို ဇူလိုင်လ ၈ ရက်ကစတင်၍ ကယ်ထုတ်နိုင်ရေးလုပ်ဆောင်ခဲ့ရာ ယင်းနေ့ ညနေတွင် ပထမဆုံး ယောကျ်ားလေး ၄ ဦးအား အောင်မြင်စွာ ဂူအတွင်းမှ ကယ်ထုတ်နိုင်ခဲ့သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာလည်း ဇူလိုင်လ ၉ ရက် နေ့လယ်ပိုင်းက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဂူနေရာသို့ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အများပြည်သူများအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် အလွန်အကျွံတွန်းအားမပေးကြရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။

ဖီဖာ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖာတီနို (Gianni Infantino) က အဆိုပါ ထိုင်းဘောလုံးအသင်းသားများအား ကမ္ဘာဖလား ဗိုလ်လုပွဲသို့ တက်ရောက်ရန် ဖိတ်ကြားသည့်စာအား ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.