Connect with us

Photos

COVID-19 ကာကွယ်ရေး အစီအမံများဖြင့် အခြေခံပညာအထက်တန်းကျောင်းများ စတင်ဖွင့်လှစ်

 ရန်ကုန် ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

 ၂၀၂၀၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများကို COVID-19 ကာကွယ်ရေး အစီအမံများနှင့် အတူ ယနေ့ ဇူလိုင် ၂၁ ရက်တွင် စတင်ဖွင်လှစ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်မှု ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ခေတ္တ ရပ်နားထားရသည့် အခြေခံ ပညာ အထက်တန်းကျောင်းများကို COVID-19  ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး လမ်းညွှန် ချက်များနှင့်အညီ ယနေ့ ဇူလိုင် ၂၁ ရက်တွင် လက်ရှိအခြေ အနေအရ ဖွင့်လှစ်ခွင့်ပြုရန် လိုအပ်ချက်များ ပြည့်မီသည့်ကျောင်း (အဆင့်-A)များအား ဦးစွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံဘေး ကင်းသည့် အခြေခံပညာအထက်တန်း ကျောင်းများ   ပြန်လည်ဖွင့်လှစ်ရန်အတွက်   မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသအာဏာပိုင်များ၊ အခြေခံ ပညာဦးစီးဌာန၊ မိဘဆရာ အသင်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော  အဖွဲ့များ ဖွဲ့စည်းကာ ဇူလိုင် ၁၇ ရက်မှစ၍  ဇူလိုင် ၂၀ ရက် နံနက်ပိုင်း အထိ အခြေခံပညာအထက်တန်းအဆင့် ကျောင်းစုစုပေါင်း ,၁၇၃ ကျောင်း အနက်  ,၈၃၀ ကျောင်းကို  ဆန်းစစ်အကဲဖြတ်ဆောင်ရွက်ရာတွင် အဆင်သင့်ဖြစ်သော (A အဆင့်) ကျောင်း ပေါင်း ,၇၇၂ ကျောင်း၊ ဖြည့်ဆည်းရန် လိုအပ်သော (B အဆင့်) ကျောင်း ,၂၂၀၊ ဖြည့်ဆည်းရန် အထူးလိုအပ်သော    (C အဆင့်ကျောင်း  ၈၃၈  ကျောင်း အသီးသီး စိစစ်တွေ့ ရှိခဲ့ရကြောင်း သိရသည်။

 ထို့အတူ ဖြည့်ဆည်းရန် လိုအပ်သော (B အဆင့်) ကျောင်း နှင့် ဖြည့်ဆည်းရန် အထူးလိုအပ်သော    (C အဆင့်ကျောင်းများကို ဒုတိယ အဆင့်အနေဖြင့် ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ဇူလိုင် ၂၀ ရက်တွင် နေပြည်တော်၌ ပညာရေး ဝန်ကြီးဌာန နှင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

  ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ပါကလည်း  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနှင့်    တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ   ကိုယ်စားလှယ်များ၊   မိဘ ဆရာအသင်း များမှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့များဖြင့် မြို့နယ်အလိုက် စဉ်ဆက်မပြတ် အဆင့်ဆင့် ဆန်းစစ် ကြီးကြပ် ခြင်းနှင့်   ရှောင်တခင်စစ်ဆေးခြင်းတို့ကို   ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.