Connect with us

Videos

ကမ္ဘာ့အကြီးဆုံးရေဒီယိုတယ်လီစကုတ်မှာ အလင်းနှစ်ပေါင်း ၁၃၅၁ ခုနှစ်ခန့်မှ အချက်ပြမှုများကိုဖမ်းယူနိုင်

ကွေ့ကျိုး၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အလင်းနှစ်ပေါင်း ၁၃၅၁ ခုနှစ်ခန့် မှ အချက်ပြမှုများကိုပါဖမ်းယူနိုင် ရုံသာမက အာကာသလေ့လာရေးနှင့် တခြားဂြိုလ်များမှ သက်ရှိများအကြောင်းကို စုံစမ်းထောက်လှမ်းပေးမည့် အကျယ် ၅၀၀မီတာ ရှိ သော (Five-hundred-meter Aperture Spherical Telescope FAST) တယ်လီစကုပ် ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ စက်တင်ဘာ ၂၅ ရက်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
အဆိုပါ FAST တယ်လီစကုပ်ကို “ တရုတ်နိုင်ငံ၏ နိဗ္ဗာန်ဘုံမျက်လုံး” ဟုအမည်ပေးထားပြီး ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်ကြီး ဖြစ်သည်။ထို့ပြင် တရုတ်နိုင်ငံက FAST တယ်လီစကုပ်၏ တရားဝင် မူပိုင်ခွင့်ကို လည်း ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်အား တည်ဆောက်ရာတွင် ပါဝင်ခဲ့ကြသည့် ဆောက်လုပ်ရေး ဝန်ထမ်းများ ၊ အင်ဂျင်နီယာများ နှင့် သိပ္ပံပညာရှင်များအားလုံးအတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို တရုတ်သမ္မတရှီကျင့်ဖိန်က ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.