Connect with us

Videos

တရုတ်နိုင်ငံက လွှတ်တင်သော စီးပွားဖြစ်ဆက်သွယ်ရေး ဂြိုဟ်တု

ရှီးချန်း ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက APSTAR-6D ဟု အမည်ပေးထားသည့် စီးပွားဖြစ် ဆက်သွယ်ရေး ဂြိုဟ်တုတစ်စင်းအား နိုင်ငံ အနောက်တောင်ပိုင်းရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင် ၉ ရက်တွင် သတ်မှတ်ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း ၎င်းစင်တာမှ သိရသည်။

APSTAR-6D ဆက်သွယ်ရေး ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် ည ၈ နာရီ ၁၁ မိနစ်တွင် Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့သည်။

ယင်းဂြိုဟ်တုအား တရုတ်နိုင်ငံ လေကြောင်းသိပ္ပံ နှင့် နည်းပညာကော်ပိုရေးရှင်း၏ လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်သည့် တရုတ်နိုင်ငံ အာကာသနည်းပညာအကယ်ဒမီ(CAST) မှ တီထွင်ခဲ့ခြင်း ဖြစ်ပြီး  APT Mobile SatCom Limited မှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။၎င်းဂြိုဟ်တုသည် လေကြောင်း ၊ ရေကြောင်း ၊ ကုန်းလမ်းဆိုင်ရာ မိုဘိုင်းလ် application များအတွက် ဂြိုဟ်တုမြန်နှုန်းမြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

APSTAR-6D ဆက်သွယ်ရေးဂြိုဟ်တု တီထွင်မှုကို ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် စတင်ခဲ့ပြီး ထုထည်အားဖြင့် ၅,၅၅၀ ကီလိုဂရမ်ဝန်းကျင် ရှိကာ ၁၅ နှစ် သက်တမ်းရှိမည် ဖြစ်ကြောင်း သိရသည်။

APSTAR-6D ဂြိုလ်တုသည် တရုတ်နိုင်ငံ၏ ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ မြင့်မားသော စွမ်းဆောင်ရည်ရှိသည့် မြန်နှုန်းမြင့် ဂြိုလ်တုဆယ်သွယ်ရေးစနစ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။အာရှ-ပစိဖိတ်ဒေသရှိ အသုံးပြုသူများအတွက် အရည်သွေးမြင့်မားသည့် မြန်နှုန်းမြင့်ကွန်ယက် နှင့် ဒေတာဆက်သွယ်ရေးဝန်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်ရန် မျှော်လင့်ထားသည်။ APSTAR-6D ဂြိုဟ်တုသည် ဆက်သွယ်ရေး စွမ်းရည် 50 Gbps ဝန်းကျင် နှင့် single-beam စွမ်းရည်ကို 1 Gbps ဖြင့် အသုံးပြုသူများအား အရည်အသွေးမြင့်မားသော အသံ နှင့် ဒေတာထုတ်လွှင့်မှုများကို ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.