Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ငန်းစတင်

ချင်းသောင်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ အကြီးဆုံး ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် China National Offshore Oil Corp (CNOOC) က တောင်တရုတ်ပင်လယ်တွင် သတ်မှတ်ထားသည့်ရက်ထက်စောကာ ၎င်း၏ လွီဟာ 16-2 ရေနံတူးဖော်ရေး စီမံကိန်းမှ ရေနံထုတ်လုပ်မှုစတင်ခဲ့ကြောင်းသိရသည်။ ၎င်းသည် တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းအထောက်အပံ့များဖြင့် စတင်ဆောင်ရွက်သည့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းတစ်ခုလည်းဖြစ်သည်။ ၎င်းစီမံကိန်းမှ နှစ်စဉ် ရေနံစိမ်းတန်ချိန် ကုဗမီတာပေါင်း ၄ ဒသမ၂ သန်းအထိ အများဆုံး ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ယင်းပမာဏသည် မော်တော်ကားအစီးရေ ၄သန်းကျော် ၏ တစ်နှစ်စာ လောင်စာဆီ အသုံးပြုမှုပမာဏနှင့်ညီမျှကြောင်းသိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.