Videos
တရုတ်ဝန်ကြီးချုပ်လီ မကာအိုဒေသခံများနှင့် ခရီးသွားများအားနှုတ်ဆက်
မကာအို၊ အောက်တိုဘာ(၁၂) ရက်(ဆင်ဟွာ)
တရုတ်ဝန်ကြီးချုပ်လီခဲ့ချန်သည် ၎င်း၏ မကာအို ခရီးစဉ်အတွင်း မကာအိုဒေသခံများနှင့် ခရီးသွားများ အားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။အထူး အုပ်ချုပ်ခွင့်ရ ဒေသ အမှုဆောင် အကြီးအကဲ ချွေ့စိုင်အွန်လိုက်ပါသည့် ဝန်ကြီးချုပ်လီ၏ ခရီးစဉ်တွင် မကာအိုပြတိုက်သို့သွားရောက်ခြင်း၊ မြို့ပြရှုခင်းအလှအပများကိုကြည့်ရှုခြင်းနှင့် ဆိုင်ခန်းများ၊ဒေသခံတို့၏ လူမှုဘဝများနှင့် ကျောင်းတို့ကိုလည်းသွားရောက် လည်ပတ်ခဲ့သည်။ဝန်ကြီးချုပ်လီသည် ပြည်သူများအကြား မီတာ ၅ဝခန့်အထိ လမ်းလျှောက်ခဲ့ပြီး ပြည်သူများနှင့်အတူ အမှတ်တရဓာတ်ပုံများကိုလည်း ပျော်ရွှင်စွာရိုက်ကူးခဲ့သည်။ဝန်ကြီးချုပ်လီသည် မကာအို၏ ခရီးသည်များအဓိကစိတ်ဝင်စားရာနေရာတို့လည်း သွားရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။ (Xinhua)