Connect with us

Videos

မြန်မာ့ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာညီလာခံ၌ အာရှ-ပစိဖိတ်ရှိ ဒေသတွင်းနိုင်ငံများမှ ကျွမ်းကျင် ပညာရှင် ၂၀၀ ကျော် တက်ရောက်ဆွေးနွေး

ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

မြန်မာဘဏ်လုပ်ငန်း ပြုပြင် ပြောင်းလဲမှုကဏ္ဍတွင် နိုင်ငံတကာ ငွေကြေးအသိုင်းအဝိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှု ၊ အခက်အခဲ ၊ အခွင့်အရေးများကို မြန်မာနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ် ဒေသတွင်းရှိ နိုင်ငံ နှင့် ဒေသပေါင်း (၇) ခုမှ ဘဏ်နှင့် ငွေကြေးဆိုင်ရာ ကျွမ်းကျင် ပညာရှင် ၂၀၀ ကျော် ပါဝင်သည့် ၂၀၁၅ ခုနှစ် မြန်မာ့ ဘဏ်နှင့် ငွေကြေးဆိုင်ရာညီလာခံတရပ်ကို ယနေ့မှစတင်၍ ရန်ကုန်မြို ့ဆူးလေရှန်ဂရီလာရီ ဟိုတယ်၌ ဆွေးနွေးပြုလုပ်နေလျှက် ရှိသည်။

အဆိုပါ ညီလာခံ(Myanmar Banking and Finance 2015)တွင် မြန်မာ့ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ပြောင်းလဲမှုများကို ခြုံငုံသုံးသပ်ပြီး မူဝါဒ ၊ မူဘောင်ဆိုင်ရာများ ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ၊ ဘဏ်လုပ်ငန်းနည်းပညာဆိုင်ရာများ ၊ စတော့ရှယ်ယာဈေးကွက် ၊ လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာများ ကို မြန်မာနိုင်ငံနှင့် ဒေသတွင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းမှ ပညာရှင်များ ၊ ဘဏ်လုပ်ငန်း နည်းပညာဆိုင်ရာ ကုမ္ပဏီများ ၊ စတော့အိတ်ချိန်းကုမ္ပဏီနှင့် အခြား ဘဏ်နှင့် ငွေကြေးဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများမှ ပါဝင်တက်ရောက် ဆွေးနွေး ကြပြီး နှစ်ရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။

ယခုနောက်ပိုင်းနှစ်များအတွင်း မြန်မာနိုင်ငံ၌ ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍများတွင် တိုးတက် မှုများစွာ ဖြစ်ပေါ်လာခဲ့ပြီး ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ် ၉ ခုကို ယမန်နှစ် အောက်တိုဘာလတွင် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ ချထားပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.