Connect with us

Videos

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ယခု ၈ ကြိမ်မြောက် ညှိနှိုင်းစည်းဝေးတွင် အပြီးသတ် ဆွေးနွေး လက်မှတ် ရေးထိုးနိုင်ဖို့နစ်ဘက် ခေါင်းဆောင်များ ဆန္ဒရှိ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ယနေ့ရန်ကုန်မြို့မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ ပြုလုပ်နေတဲ့ ၈ ကြိမ်မြောက် (NCA) ညှိနှိုင်း အစည်းအဝေးမှာ အပြီးသတ် ဆွေးနွေး လက်မှတ် ရေးထိုးနိုင်ဖို့အစိုးရနဲ့ တိုင်းရင်းသား နှစ်ဖက် အဖွဲ့အစည်း ခေါင်းဆောင်တွေ ဆန္ဒရှိနေတယ်လို့ဆွေးနွေးပွဲ ပထမနေ့ ခေါင်းဆောင်များ မိန့်ခွန်း ပြောကြားချက်အရ သိရပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက “ဒီကာလ အတွင်းမှာ ခိုင်ခိုင်မာမာ သဘောတူညီချက် မရခဲ့ရင် နောင်အစိုးရပေါ် မူတည်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ အသစ်ဖြစ် သွားနိုင်ပါတယ်၊ ဒီဆွေးနွေးပွဲကနေပြီး NCA လက်မှတ် ရေးထိုးနိုင်တဲ့အထိ ဆွေးနွေး သဘောတူညီမှု ရရှိရန် မျှော်လင့်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အခုလို ဆွေးနွေးနေစဉ်အတွင်းမှာ ကချင်၊ ရှမ်းနဲ့ကရင်ပြည်နယ် တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေမှုအပေါ်ကို စိုးရိမ် ပူပန်မှုများ ရှိနေပြီး ဆက်လက် မဖြစ်ပွားကြဖို့အလေးအနက်ထား တိုက်တွန်း လိုကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် လက်မှတ် ရေးထိုးရာမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံး ပါဝင်ဖို့အရေးကြီးတယ်လို့တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) ခေါင်းဆောင် ပဒို နော်စီဖိုးရာစိန်က ပြောကြားလိုက်ပါတယ်။

ယနေ့ ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို အပြီးသတ်ဖို့၊ လက်မှတ် ရေးထိုး နိုင်တဲ့အခါတွင် အစိုးရနဲ့တိုင်းရင်းသားများဘက်မှ ဘယ်သူတွေ ပါဝင် လက်မှတ် ရေးထိုးမယ်ဆိုတာကို ဆွေးနွေးသွားကြဖို့နဲ့ တိုင်းရင်းသား များဘက်မှ အားလုံးပါဝင် နိုင်ရေးတွေကို ဆွေးနွေးမယ်လို့ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားခဲ့ပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.