Connect with us

Videos

သမ္မတ ဒေါ်နယ်ထရမ့် ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှ အိမ်ဖြူတော်သို့ပြန်လည်ရောက်ရှိ

နယူးယောက်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် COVID-19 ရောဂါ ကူးစက်ခံရမှုကြောင့် ဆေးရုံ၌ ကုသမှုခံယူခဲ့ပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသောကြောင့် တနင်္လာနေ့ညပိုင်း တွင် အိမ်ဖြူတော်သို့ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းသိရသည်။

ထရမ့်က ၎င်း၏ တွစ်တာ စာမျက်နှာထက်တွင် တနင်္လာနေ့ က “ နေရထိုင်ရတာ အရမ်းကောင်းပါတယ် Covid ကိုကြောက်စရာမလိုပါဘူး အဲဒီ ကောင်က ခင်ဗျားတို့ကို အနိုင်အပိုင်း မခံရစေနဲ့ ၊ ထရမ့် အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာ ကျွန်တော်တို့ တိုးတက်မှုရှိခဲ့ပါတယ် အချို့တွေဟာဆိုရင် ဆေးဝါးနှင့် အသိပညာပိုင်းမှာ တဖက်ကမ်းခတ်ကျွမ်းကျင်ကြပါတယ် ကျွန်တော်ဆိုရင် လွန်ခဲ့တဲ့ နှစ် ၂၀ က ထက်တောင်ပိုပြီး နေလို့ထိုင်လို့ကောင်းလာပါသေးတယ်” ဟု ရေးသားထားသည်။

သမ္မတထရမ့်သည် ကျန်းမာရေးအခြေအနေကောင်းမွန်လာသည်နှင့် တနင်္ဂနွေနေ့တွင် အိမ်ဖြူတော်သို့ပြန်ရန် ဆန္ဒရှိခဲ့သည်။ ၎င်းသည် အောက်တိုဘာ ၁ ရက်နေ့တွင် ပထမဆုံး COVID-19 ကူးစက်ခံရပြီဟု စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်တနေ့တွင် walter reed ဆေးရုံသို့တက်ရောက်ကုသမှုခံယူခဲ့ရသည်။ ဆေးရုံ၌ Remdesivir ဆေးနှင့် စမ်းသပ်ထုတ်လုပ်ထားသည့် ပဋိပစ္စည်းဆေးဝါးများကို ကုထုံးအဖြစ်အသုံးပြုခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.