Connect with us

Videos

သဲပန်းပုပွဲတော်ကို ဘယ်လ်ဂျီယံ တွင် ကျင်းပနေ

သဘာဝတရား နှင့် အနုပညာ ၏ လက်ရာမြောက်ပေါင်းစပ်ဖန်တီးမှု အဖြစ် “Frozen Summer Fun” ဟု ခေါ်သည့် သဲပန်းပုပွဲတော်ကို နွေရာသီ ပျော်ပွဲရွှင်ပွဲ တစ်ရပ် အနေဖြင့် ဘယ်လ်ဂျီယံနိုင်ငံ အော်စတန် မြို့ တွင် ကျင်းပနေပါသည်။

ယခုနှစ်သဲပန်းပုပွဲတော်တွင် ဒစ်စနေးကာတွန်းဇာတ်ကား frozen အား အဓိက စွဲဆောင် မှုဖြစ်စေရန် အဆိုပါ ကာတွန်းရုပ်ရှင်မှ ဇါတ်ကောင်များ၏ သဲပန်းပု ရုပ်တုများ အပါအဝင်ရုပ်တုပေါင်း၁၅ဝ တို့ကိုစီစဉ် ဖန်တီး ထား ပါသည်။ ယင်းကာတွန်းဇာတ်လမ်း ထဲ မှ ညီအမများ ဖြစ်ကြသော အန်နာ၊ အယ်လ်ဆာ နှင့် ၎င်းတို့ရဲ့ ချစ်စရာ နှင်းလူသား အိုလော့ဖ် တို့ ရဲ့ပုံများကို လည်း ပွဲတော်မှာမြင်တွေ့ရမှာပါ ။ ဒ့ါအပြင် ဧည့်သည်တော် များ ဟာ ငယ်စဉ်ကတည်းက နှစ်သက်ခဲ့သော ဒဏ္ဍာရီပုံပြင်များ ထဲက လူစွမ်းကောင်း တွေနဲ့ Star Wars နှင့် Pixar ဇာတ်ကောင်များ ၏ သဲပန်းပုရုပ်တုများအား မြင်တွေ့နိုင်ပါသည်။

အဆိုပါ ပွဲတော်ကို ဖန်တီးနိုင်ရန် ဘယ်လ်ဂျီယံ ကမ်းခြေတွင် သဲတန်ချိန်ပေါင်း ၆ထောင်အား ထရပ်ကား၂ဝဝ ကျော်ဖြင့်သယ်ဆောင် အသုံးပြုခဲ့ရပြီး ကမ္ဘာအနှံ့မှ ကျွမ်းကျင်သူ ပန်းပုပညာရှင် ၃ဝ ကျော် မှ ၁လ နီးပါးခန့် ကြိုးစားပုံဖော်အားထုတ်ခဲ့ကြရပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ သည် မိုးမကြာခဏ ရွာသွန်း သောကြောင့် မည်သည့် သဲအမျိုးအစား ကို ပင် အသုံးပြုပါစေ တာရှည်ခံနိုင်လိမ့်မည်တော့မဟုတ်နိုင်ပေ။ ထို့အပြင် လာရောက်လည်ပတ်သူများကြောင့် အနည်းငယ်ပျက်စီးယိုယွင်းမှု ရှိသည့် သဲပန်းပုများကို ပြန်လည်ပြုပြင်ပေးရန် ပန်းပုဆရာတစ်ဦးစီ ကိုလည်းနေ့စဉ် တာဝန်ပေးထားပါသည်။

၁၉၉၇ ခုနှစ်ကတည်းကစတင်ပြီး နှစ်စဉ်မပျက် ကျင်းပခဲ့တဲ့ အဆိုပါ ပွဲတော် သည် ၂ဝ၁ဝ ပြည့်နှစ်တွင် ကမ္ဘာ့ အတော်ဆုံးပန်းပုဆရာ ၃ဝ ရဲ့ မူရင်းလက်ရာ ပေါင်း ၁၅ဝ ကျော်ကို စုစည်းပြသနိုင်ခဲ့တာကြောင့် ဂင်းနစ် စံချိန် မှတ်တမ်းတင်ခြင်း ခံခဲ့ရပါသည်။ ယခုနှစ်တွင်လည်း အဆိုပါ ပွဲတော် ကို စက်တင်ဘာ ၆ ရက်နေ့အထိ ၂ လ တိုင်တိုင်ကျင်းပသွားမည်ဟုလည်းသိရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.